International: ဥရောပ အကောင်းဆုံး ဘောလုံးသမားဆု ဆန်ခါတင်စာရင်းတွင် မက်ဆီ မပါဝင်တော့

နောက်ဆုံး ဆန်ခါတင်စာရင်းမှာမက်ဆီက အဆင့်-၅ သာရရှိခဲ့ပါတယ်။

play

 

ဥရောအကောင်းဆုံး ဘောလုံးသမားဆုအတွက် ယူအီးအက်ဖ်အေ ထုတ်ပြန်လိုက်တဲ့ နောက်ဆုံး သုံးဦးစာရင်းထဲမှာ ဘာစီလိုနာ ကစားသမား မက်ဆီပါဝင်မလာတော့တာ တွေ့ရပါတယ်။

play

 

ရီးရဲလ်မက်ဒရစ်နဲ့ ပေါ်တူဂီကို ချန်ပီယံလိဂ်ဖလားနဲ့ ဥရောပချန်ပီယံ ဖြစ်အောင်လုပ်ပေးနိုင်ခဲ့တဲ့ ရော်နယ်ဒိုထိပ်ဆုံးက ပါဝင်လာတာေ တွ့ရပါတယ်။ ဒါ့အပြင် ရီးရဲလ်မက်ဒရစ် ကစားသမားဂါရက်ဘေးလ်နဲ့ အသလက်တီကို ကစားသမား ဂရိဇ်မန်းတို့လည်း ပါဝင်ခဲ့ကြပါတယ်။

play

 

ဥရောပအကောင်းဆုံး ကစားသမားဆုကို ရွေးချယ်ဖို့ ပမာဏ ကစားသမား ၁၀ ဦးစာရင်းကနေ ၃ ဦးစာရင်းကိုလျှော့ချလိုက်တာ ဖြစ်ပြီး မဲပေးရွေးချယ်မှုအရ မက်ဆီက အဆင့်-၅ နေရာမှာသာ ရှိနေခဲ့ပါတယ်။ ရော်နယ်ဒိုလိုပဲ ဂါရက်ဘေးလ်ကလည်း ရီးရဲလ်ကို ချန်ပီယံလိဂ်ဖလားရအောင် ကူညီနိုင်ခဲ့တဲ့အပြင် ဝေးလ်အသင်းကိုလည်း ယူရိုပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်ရောက်အောင် ပို့ဆောင်ပေးနိုင်ခဲ့သူဖြစ်ပါတယ်။

လာမယ့် သြဂုတ်လ ၂၅ ရက်နေ့မှာ ချန်ပီယံလိဂ် မဲခွဲပွဲနဲ့အတူ ဥရောပအကောင်းဆုံး ဘောလုံးသမားဆုကို ကြေညာမှာ ဖြစ်ပါတယ်။

Source : UEFA

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ