International: ရော်နယ်ဒိုကိုယ်တိုင် ထုတ်လုပ်ဖန်တီးထားသည့် အက်ပလီကေးရှင်း

ရော်နယ်ဒိုအကြောင်း ပိုပြီးစုံစံလင်လင် သိရမယ့် အက်ပလီကေးရှင်းတစ်ခု သြဂုတ်လထဲမှာ ထွက်တော့မှာပါ။

play

 

ကမ္ဘာ့အကောင်းဆုံး ဘောလုံသမားဆု သုံးကြိမ်ရရှိထားတဲ့ ရီးရဲလ်မက်ဒရစ် ဘောလုံးသမား ရော်နယ်ဒိုက ကိုယ်ပိုင်အက်ပလီကေးရှင်းတစ်ခုကို ထုတ်လုပ်တော့မှာ ဖြစ်ကြောင်းသိရပါတယ်။

play

 

" သင်တို့ ရော်နယ်ဒိုနဲ့အတူ အချိန်ဖြုန်းဖို့ အဆင်သင့်ဖြစ်ပြီလား" ဆိုပြီး ရော်နယ်ဒိုက ရေးသားကြေညာထားတာ တွေ့ရပါတယ်။ ရော်နယ်ဒို ထုတ်လုပ်မယ့် ကိုယ်ပိုင် အက်ပလီကေးရှင်းဟာ အထူးသဖြင့် လူမှုကွန်ယက် ပို့စ်တွေ၊ ဘောလုံးပွဲအကြောင်းတွေ ထည့်သွင်းဖော်ပြဖွယ် ရှိနေပါတယ်။ လာမယ့် သြဂုတ်လ ၉ ရက်နေ့မှာ ရော်နယ်ဒိုက သူ့ရဲ့ကိုယ်ပိုင် အက်ပလီကေးရှင်းကို တရားဝင်ဖြန့်ချိသွားမှာဖြစ်ကြောင်း သိရပါတယ်။

play

 

အက်ပလီကေးရှင်း အသုံးပြုသူတွေအနေနဲ့ ရော်နယ်ဒိုနဲ့ ထိပ်တိုက်စကားပြောခွင့်ရမယ့် အခွင့်အရေးတွေလည်း ရနိုင်ဖွယ်ရှိတယ်လို့ ခန့်မှန်းထားကြပါတယ်။ ပေါ်တူဂီ ယူရိုချန်ပီယံရှစ် ဗိုလ်လုပွဲ ကစားခဲ့ပြီး ဒဏ်ရာရခဲ့တဲ့ ရော်နယ်ဒိုကလက်ရှိအချိန်ထိ အနားယူနေရဆဲ ဖြစ်ပါတယ်။ အက်ပလီကေးရှင်းမှာ ရော်နယ်ဒိုရဲ့ အခြားစီးပွားရေး လုပ်ငန်းတွေလည်း ပါဝင်ဖွယ် ရှိပါတယ်။

Source : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ