International: မန်ချီနီကို ထုတ်ပယ်ပြီး နည်းပြအပြောင်းအလဲ လုပ်လိုက်တဲ့ အင်တာမီလန်

စပါးအသင်းကို ခြေစမ်းပွဲကို ၆-၁ ဂိုးနဲ့ ရှုံးပြီးနောက် ထုတ်ပယ်ခံလိုက်ရတာ ဖြစ်ပါတယ်။

play

 

စီးရီးအေကလပ် အင်တာမီလန်အသင်းက မန်စီးတီးနည်းပြဟောင်း မန်ချီနီကို အသင်းနည်းပြရာထူးက ထုတ်ပယ်လိုက်ပြီး ဟော်လန်နည်းပြ ဖရန့်ဒီဘိုးဝါးကို ခန့်အပ်လိုက်ကြောင်း သိရပါတယ်။

play

 

အင်တာမီလန်အသင်းကို တရုတ်အသင်းပိုင်ရှင်က လက်လွှဲဝယ်ယူလိုက်ပြီးနောက်ပိုင်း နှစ်ပတ်အတွင်းမှာပဲ နည်းပြအပြောင်းအလဲ ပြုလုပ်လိုက်တာ ဖြစ်ပါတယ်။ ရာသီအကြို ခြေစမ်းပွဲမှာ စပါးအသင်းကို အင်တာမီလန်က ၆-၁ ဂိုးနဲ့ အပြတ်အသတ် ရှုံးနိမ့်ပြီးနောက် မန်ချီနီကို အသင်းက ချက်ခြင်းထုတ်ပယ်လိုက်တာ ဖြစ်ပါတယ်။ ဟော်လန်ဘောလုံးသမားဟောင်း ဒီဘိုးဝါးဟာ အေဂျက်အသင်းကို ၂၀၁၀ ခုနှစ်မှာ စတင်ကိုင်တွယ်ခဲ့ပြီး အမှတ်ပေးဖလား လေးကြိမ်ရယူပေးခဲ့သူဖြစ်ပါတယ်။

play

 

ဒါပေမဲ့ ၂၀၁၅-၁၆ ဘောလုံးရာသီမှာ အမှတ်ပေးဖလားနဲ့ လွဲချော်ခဲ့ပြီးနောက် အသင်းနဲ့လမ်းခွဲခဲ့သူပါ။ နည်းပြဒီဘိုဝါးအတွက်တော့ နည်းပြဘဝ ဟော်လန်ပြင်ပမှာ ဘောလုံးအသင်းတစ်သင်းကို ပထမဆုံး ကိုင်တွယ်ရတော့မှာ ဖြစ်ပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ