International: ယူအီးအက်ဖ် စူပါဖလား ပွဲစဉ်တွင် ရီးရဲလ်မက်ဒရစ် အဓိက ကစားသမား ၅ ဦးမပါဝင်

ကစားသမားအချို့ကို အားလပ်ရက်ရှည်ပေးထားတာဖြစ်ပြီး အချို့ကတော့ ဒဏ်ရာပြဿနာ ရင်ဆိုင်နေရတာပါ။

play

 

သြဂုတ်လ ၉ ရက်နေ့မှာ ယှဉ်ပြိုင်မယ့် ယူအီးအက်ဖ်စူပါဖလား ပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်အသင်းက အဓိက ပွဲထွက်ကစားသမား ငါးဦးခန့်ပါဝင်နိုင်မှာ မဟုတ်ဘူးလို့ သိရပါတယ်။

ချန်ပီယံလိဂ် ချန်ပီယံ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ယူရိုပါလိဂ်ချန်ပီယံ ဆီဗီလာအသင်းတို့ ယှဉ်ပြိုင်ကြမှာဖြစ်ပြီး ရီးရဲလ်မက်ဒရစ်ဘက်က ရော်နယ်ဒို၊ ဂါရက်ဘေးလ်၊ တိုနီခရူးစ်၊ နာဗက်စ်နဲ့ နောက်ခံလူ ပေပေတို့ လွဲချော်ကြမှာ ဖြစ်ပါတယ်။ ဒီကစားသမား ငါးဦးလုံးက ပြီးခဲ့တဲ့ရာသီမှာ ရီးရဲလ်မက်ဒရစ်အသင်းအတွက် အမာခံ ပွဲထွက်ကစားသမား ဖြစ်ခဲ့သူတွေပါ။

play

 

စူပါဖလား ဗိုလ်လုပွဲစဉ်အတွက် ရီးရဲလ်မက်ဒရစ်က ကစားသမား ၂၀ ဦးကြေငြာရာမှာ ဒီကစားသမားငါးဦးလုံး ချန်ထားခဲ့တာဖြစ်ပြီး ရော်နယ်ဒိုက ဒဏ်ရာရနေဆဲ ဖြစ်ပါတယ်။ ယူရိုချန်ပီယံရှစ်မှာ ပွဲများများ ကစားခဲ့ရတဲ့ ဂါရက်ဘေးလ်း၊ ခရူးစ်နဲ၊ ပေပတို့ကို အသင်းက နားရက်ရှည် ဆက်ပေးထားတာပါ။

အသင်းဂိုးသမား နာဗက်စ်ကတော့ ဖနောင့်ဒဏ်ရာကို ခွဲစိပ်ထားရတဲ့အတွက် လာလီဂါရာသီအစ ပွဲစဉ်တွေကိုပါ လွဲချော်နိုင်ပါတယ်။ ရီးရဲလ်မက်ဒရစ်တိုက်စစ်မှာ ဘန်ဇီမား၊ မိုရာတာ၊ မိုရီယာနိုတို့ ပါဝင်လာမှာ ဖြစ်ပါတယ်။

Source : One Football

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ