International: ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး ဂျီဆေး ပီအက်စ်ဂျီကို ရောက်ရှိလာ

ရီးရဲလ်မက်ဒရစ် လူငယ်စီမံကိန်းကထွက်လာတဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်။

 

ရီးရဲလ်မက်ဒရစ်အသင်း တိုက်စစ်ကစားသမား ဂျီဆေးရိုဒရီဂွက်ဇ်ကို ပီအက်စ်ဂျီအသင်းက ယူရို ၂၅ သန်းနဲ့ ခေါ်ယူလိုက်ပြီဖြစ်ကြောင်း သိရပါတယ်။

 

ရီးရဲလ်မက်ဒရစ် လူငယ်အကယ်ဒမီ စီမံကိန်းကနေ ပထမအသင်းကြီးကို ရောက်ရှိလာတဲ့ ဂျီဆေးဟာ အသက်၂၃ နှစ်အရွယ်ရှိပြီဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ပရော်ဖက်ရှင်နယ်စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိတော့တဲ့ အချိန်မှာ ပီအက်စ်ဂျီအသင်းက ခေါ်ယူနိုင်ခဲ့တာဖြစ်ပြီး ငါးနှစ်စာချုပ် ချုပ်ဆိုခဲ့တယ်လို့ သိရပါတယ်။

 

အာဆင်နယ်၊ လီဗာပူး စတဲ့အသင်းတွေက စိတ်ဝင်စားခဲ့တဲ့ တိုက်စစ်ကစားသမား ဂျီဆေးက ပီအက်စ်ဂျီအသင်းမှာ နံပတ်၂၂ ကို ဝတ်ဆင်ကစားမှာ ဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းရဲ့ နည်းပြဖြစ်လာတဲ့ အူနိုင်းလ်အမ်မရီရဲ့ လက်အောက်မှာ ကစားမယ့်ရမယ့် အခွင့်အရေးကလည်း ထူးခြားတဲ့အခွင့်အရေးဖြစ်ကြောင်း ဂျီဆေးက ပြောပါတယ်။

 

ပရော်ဖက်ရှင်နယ် ကစားသမားဘဝ နောက်ထပ်စိန်ခေါ်မှု အသစ်တွေကို ရင်ဆိုင်ဖို့ မစောင့်နိုင်အောင် ဖြစ်နေရပြီဖြစ်ကြောင်း ပီအက်စ်ဂျီအသင်းနဲ့ မိတ်ဆက်ပြီးနောက် အင်တာဗျူးအစီအစဉ်မှာ ထည့်သွင်းပြောကြားခဲ့ပါ သေးတယ်။ ဂျီဆေးက စပိန် ယူ၂၁ အသင်းအတွက်လည်း ကစားခဲ့ဖူးသူ ဖြစ်ပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ