International: ဆရီနာဝီလျံ အိုလံပစ်ပြိုင်ပွဲမှာ ရှုံးနိမ့်ထွက်ခွာရ

ဆရီနာဟာ ယခု ရှုံးပွဲကြောင့် ငါးကြိမ်မြောက် အိုလံပစ်ရွှေတံဆိပ်ဆုနဲ့ လွဲချော်ခဲ့ရပါတယ်။

play
အီလီနာ အက်စ်ဗစ်တိုလီနာ


၂၀၁၆ အိုလံပစ်တင်းနစ်ပြိုင်ပွဲမှာ အမေရိကန်တင်းနစ်မယ် ဆရီနာဝီလျံ ရှုံးနိမ့်ထွက်ခွာခဲ့ရကြောင်း သိရပါတယ်။ အင်္ဂါနေ့ (သြဂုတ် ၉ ရက်) က ယှဉ်ပြိုင်ကစားခဲ့တဲ့ တတိယအဆင့်ပွဲစဉ်မှာ ယူကရိန်းနိုင်ငံမှ အီလီနာ အက်စ်ဗစ်တိုလီနာက လက်ရှိ အိုလံပစ် တင်နင်းချန်ပီယံနဲ့ ကမ္ဘာ့အဆင့်တစ် တင်းနစ်မယ် ဆရီနာကို ၆-၄၊ ၆-၃ ဖြင့် အနိုင်ရရှိခဲ့ပါတယ်။

play
ဆရီနာဝီလျံ


ဆရီနာဟာ ယခု ရှုံးပွဲကြောင့် ငါးကြိမ်မြောက် အိုလံပစ်ရွှေတံဆိပ်ဆုနဲ့ လွဲချော်ခဲ့ရပါတယ်။ ဆရီနာကို အနိုင်ရရှိခဲ့တဲ့ အသက် ၂၁ နှစ်အရွယ် အက်စ်ဗစ်တိုလီနာက ဝင်ဘယ်လ်ဒန်ချန်ပီယံဆု နှစ်ကြိမ်ရရှိထားသူ ပက်ထရာ ကေဗစ်တိုဗာနဲ့ တွေ့ဆုံယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source & Photo: AFP

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ