International: မြန်မာ မြားပစ်အားကစားမယ် စန်းယုထွေး အိုလံပစ် မြားပစ်ပြိုင်ပွဲ ၁၆ သင်းအဆင့်မှာ ရှုံးနိမ့်

မြားပစ်အားကစားမယ် စန်းယုထွေးဟာ ၁၆ ဦးအဆင့်မှာ တောင်ကိုရီးယား မြားပစ်မယ် ကီဘိုဘေးကို ရှုံးနိမ့်ပြီး ပြိုင်ပွဲမှထွက်ခွာခဲ့ပါတယ်။

play


ဘရာဇီးမှာ ကျင်းပနေတဲ့ ရီယို ၂၀၁၆ အိုလံပစ်ပြိုင်ပွဲ အမျိုးသမီးတစ်ဦးချင်း မြားပစ်ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ မြန်မာအမျိုးသမီး မြားပစ်အားကစားမယ် စန်းယုထွေးဟာ ၁၆ ဦးအဆင့်မှာ တောင်ကိုရီးယား မြားပစ်မယ် ကီဘိုဘေးကို ရှုံးနိမ့်ပြီး ပြိုင်ပွဲမှထွက်ခွာခဲ့ပါတယ်။

play


စန်းယုထွေးနဲ့ ကီဘိုဘေးတို့ရဲ့ ပွဲစဉ်ကို ယနေ့ (သြဂုတ် ၁၁ ရက်) ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့တာဖြစ်ပြီး စန်းယုထွေးက ၆-၀ ဖြင့် ရှုံးနိမ့်ခဲ့ပါတယ်။ မြန်မာ မြစ်ပစ်အားကစားမယ် စန်းယုထွေးက ပြိုင်ပွဲမစမီ အဆင့်သတ်မှတ်တဲ့ Ranking Round ပြိုင်ပွဲမှာ ၆၀၈ မှတ်သာ ရရှိခဲ့တာကြောင့် ပြိုင်ပွဲဝင်ကစားသမား ၆၄ ဦးထဲမှာ အဆင့် ၅၁ မှာ ရပ်တည်ခဲ့ပါတယ်။

play


၁၆ ဦးအဆင့်မှာ စန်းယုထွေးနဲ့ တွေ့ဆုံတဲ့ တောင်ကိုရီးယား မြားပစ်မယ် ကီဘိုဘေးကတော့ အဆင့် ၃ မှာ ရပ်တည်ခဲ့တာ ဖြစ်ပါတယ်။ ဘရာဇီးအိုလံပစ်ပြိုင်ပွဲမှာ  မြန်မာနိုင်ငံမှ ကစားသမား ခုနစ်ဦး ဝင်ရောက်ယှဉ်ပြိုင်နေကြောင်း သိရပါတယ်။

play


သေနတ်ပစ်၊ ရေကူး၊ ပြေးခုန်ပစ်၊ ဂျူဒိုနဲ့ မြားပစ် အားကစားနည်းတွေမှာ မြန်မာနိုင်ငံက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး သေနတ်ပစ်မှာ ရဲထွန်းနောင်၊ ရေကူးမှာ သင့်မြတ်နဲ့ အိအိသက်၊ ပြေးခုန်ပစ်မီတာ ၁၀,၀၀၀ မှာ ဆန်းနိုင်၊ အမျိုးသမီး မီတာ ၈၀၀ အပြေးပြိုင်ပွဲမှာ ဆွေလီမြင့်၊ ဂျူဒိုမှာ ရန်နိုင်စိုးနဲ့ မြားပစ်မှာ စန်းယုထွေးတို့ ယှဉ်ပြိုင်ကြတာ ဖြစ်ပါတယ်။
Source & Photo: Rio2016, AFP

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ