International: အိုလံပစ်ပြိုင်ပွဲမှာ အီရန်အမျိုးသမီးများအရေး ဆန္ဒပြတဲ့ အမျိုးသမီး တားမြစ်ခံရ

အီရန်နိုင်ငံမှာ ၁၉၇၉ ခုနှစ်နောက်ပိုင်း အမျိုးသားများ ယှဉ်ပြိုင်ကစားတဲ့ အားကစားပြိုင်ပွဲတွေကို အမျိုးသမီးများ လာရောက်ကြည့်ရှုခွင့် တားမြစ်ပိတ်ပင်ထားခဲ့ပါတယ်။

play
ရီယို အိုလံပစ်မှာ ဆန္ဒပြခဲ့သည့် အီရန်အမျိုးသမီး


ဘရာဇီးနိုင်ငံမှာ ကျင်းပနေတဲ့ ရီယို ၂၀၁၆ အိုလံပစ်ပြိုင်ပွဲအတွင်း အီရန်အမျိုးသမီးများ အခွင့်အရေးအတွက် ဆန္ဒပြခဲ့သူ အီရန်အမျိုးသမီးကို လုံခြုံရေးတွေက တားမြစ်ကာ အားကစားကွင်းမှ ထွက်ခွာရန် ပြောဆိုခဲ့ကြောင်း သိရပါတယ်။ တက်ကြွလှုပ်ရှားသူ အီရန်အမျိုးသမီး ဒါယာဆဖိုင်းက အီရန်အမျိုးသမီးများကို အားကစားကွင်းများအတွင်း ဝင်ရောက်ခွင့်ပြုပါလို့ ရေးသားထားတဲ့ ပိုစတာကို ကိုင်ဆောင်ကာ ဆန္ဒပြခဲ့တာ ဖြစ်ပါတယ်။

play
ရီယို အိုလံပစ်မှာ ဆန္ဒပြခဲ့သည့် အီရန်အမျိုးသမီး


အဆိုပါ အမျိုးသမီးက အီဂျစ်နဲ့ အီရန်တို့ရဲ့ အမျိုးသားဘောလီဘောပြိုင်ပွဲမှာ ကြည့်ရှုအားပေးနေစဉ် ပိုစတာကိုင်ဆောင် ဆန္ဒပြခဲ့ပါတယ်။ အီရန်နိုင်ငံမှာ ၁၉၇၉ ခုနှစ်နောက်ပိုင်း အမျိုးသားများ ယှဉ်ပြိုင်ကစားတဲ့ အားကစားပြိုင်ပွဲတွေကို အမျိုးသမီးများ လာရောက်ကြည့်ရှုခွင့် တားမြစ်ပိတ်ပင်ထားခဲ့ပါတယ်။

play
အီရန်တွင် အမျိုးသားကစားသမားများ ယှဉ်ပြိုင်ကစားသည့် အားကစားကွင်းအတွင်းသို့ အမျိုးသမီးများ ဝင်ရောက်ခွင့်ကို တားမြစ်ပိတ်ပင်ထားပါတယ်။


အိုလံပစ်ပြိုင်ပွဲ ဆန္ဒပြခဲ့တဲ့ တက်ကြွလှုပ်ရှားသူ အမျိုးသမီးမှာ အီရန်မှာမွေးဖွားခဲ့ပေမဲ့ ဘယ်လ်ဂျီယံမှာ နေထိုင်နေသူ ဖြစ်ပါတယ်။ အီရန်မှာ အားကစားကွင်းအတွင်း ဝင်ရောက်ရန်ကြိုးပမ်းတဲ့ အမျိုးသမီးတွေကို ဖမ်းဆီးမှုများရှိခဲ့ကြောင်း လူ့အခွင့်အရေးအုပ်စုတွေက ပြောပါတယ်။ အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီက နိုင်ငံရေးနဲ့ ပတ်သက်တဲ့ အကြောင်းအရာများကို အားကစားပြိုင်ပွဲများအတွင်း တားမြစ်ထားကြောင်း သိရပါတယ်။
Source & Photo: AP, BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ