International: အမေရိကန် အိုလံပစ်အားကစားသမားများ ရီယိုမှာ ခြိမ်းခြောက်လုယက်ခံရ

တက္ကစီကို ရဲတပ်ဖွဲ့ဝင်ပုံစံမျိုး ဝတ်ဆင်ထားသူတွေက တားမြစ်ခဲ့ပြီးနောက် ငွေနဲ့အသုံးအဆောင်တွေကို ခြိမ်းခြောက်တောင်းဆိုခဲ့ပါတယ်။

play


ဘရာဇီး အိုလံပစ်ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ ရွှေတံဆိပ်ဆုရ အမေရိကန် ရေကူးအားကစားသမား  ရိုင်ယန် လော့ခ်ျတီနဲ့ အခြား ရေကူးအသင်း အဖွဲ့ဝင်သုံးဦးဟာ ရီယိုဒီဂျနေရိုမြို့မှာ ခြိမ်းခြောက်လုယက်ခံကြောင်း အမေရိကန်  အိုလံပစ်ကော်မတီက အတည်ပြု ပြောကြားပါတယ်။

play


ရဲတပ်ဖွဲ့ဝင်ပုံစံမျိုး ဝတ်ဆင်ထားသူတွေက ၎င်းတို့ စီးနင်းလာတဲ့ တက္ကစီကို တားမြစ်ခဲ့ပြီးနောက် ငွေနဲ့အသုံးအဆောင်တွေကို ခြိမ်းခြောက်တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။ ခြိမ်းခြောက်လုယက်ခံရပေမဲ့ ထိခိုက်မှုမရှိဘဲ လုံခြုံစွာရှိခဲ့ကြောင်း ရေကူးအားကစားသမား လော့ခ်ျတီက တွစ်တာမှာ ပြောထားပါတယ်။

play


၎င်းတို့အဖွဲဟာ ပြင်သစ် အိုလံပစ်အသင်းနဲ့ တွေ့ဆုံပြီးနောက် အိုလံပစ်ကျေးရွာကို ပြန်လာစဉ် တက္ကစီကိုတားမြစ်ပြီး ခြိမ်းခြောက်လုယက်ခံခဲ့ရတာ ဖြစ်ပါတယ်။ အိုလံပစ်ပြိုင်ပွဲများ ကျင်းပနေတဲ့ ရီယိုဒီဂျနေရိုမြို့မှာ လုံခြုံရေးအတွက် ရဲတပ်ဖွဲ့ဝင်နဲ့ စစ်သား ၈၀,၀၀၀ ကို ဘရာဇီးအာဏာပိုင်တွေက တာဝန်ချထားကြောင်း သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ