International: အိုလံပစ် အမျိုးသားတင်းနစ်မှာ နှစ်ကြိမ်ဆက်ရွှေရသူအဖြစ် အန်ဒီမာရေးစံချိန်တင်

လန်ဒန်အိုလံပစ်မှာ ရွှေတစ်ခု ရခဲ့ပါတယ်။

 

၂၀၁၆ ခုနှစ် ရီယိုအိုလံပစ်မှာ ဗြိတိန်အသင်းကိုယ်စားပြု ယှဉ်ပြိုင်တဲ့ တင်းနစ်အကျော်အမော် အန်ဒီမာရေးကတော့ အိုလံပစ်သမိုင်းမှာ စံချိန်တစ်ခုရသွားပါပြီ။ အိုလံပစ် အမျိုးသားတင်းနစ်ပြိုင်ပွဲမှာ နှစ်ကြိမ်ဆက် ရွှေတံဆိပ်ရတဲ့ ပထမဆုံးအားကစားသမား ဖြစ်လာတာပါ။

 

တနင်္ဂနွေနေ့မှာ ပြိုင်ဘက်ဖြစ်သူ အာဂျင်တီးနားကစားသမား ဂျူအန်မာတင်ဒယ်လ်ပေါ့တရိုကို ၇-၅၊ ၄-၆၊ ၆-၂၊ ၇-၅ နဲ့ အနိုင်ရပြီး ဒုတိယမြောက် အိုလံပစ်ရွှေဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ မာရေးရဲ့ ပထဆုံး အိုလံပစ်ရွှေဆုကိုတော့ ၂၀၁၂ ခုနှစ်က လန်ဒန်အိုလံပစ်မှာ ရရှိခဲ့တာဖြစ်ပါတယ်။

Source : Independent

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ