International: ရီယိုအိုလံပစ် အားကစားကွင်းမှာ ရုပ်သံကင်မရာ ပြုတ်ကျပြီး လူခုနစ်ဦး ဒဏ်ရာရ

ကြိုးသိုင်းထားတဲ့ ရုပ်သံကင်မရာကြီးရဲ့ အရွယ်အစားမှာ မော်တော်ဆိုင်ကယ် အသေးစားအရွယ်ဖြစ်ပြီး အောက်ဘက်မှာရှိနေတဲ့ လူတွေအပေါ်ကို ပြုတ်ကျခဲ့ပါတယ်။

play


ဘရာဇီးမှာ ကျင်းပနေတဲ့ ရီယို ၂၀၁၆ အိုလံပစ်ပြိုင်ပွဲ အားကစားကွင်းမှာ အပေါ်စီးမှ ရိုက်ကူးတဲ့ ရုပ်မြင်သံကြား ကင်မရာကြီးတစ်လုံး ပြုတ်ကျခဲ့မှုကြောင့် လူခုနစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

play
play


အိုလံပစ်အားကစားကွင်းကို အပေါ်စီးမှ မြင်ကွင်းများ ရိုက်ကူးနေတဲ့ 'spidercam' ခေါ် ရုပ်သံကင်မရာဟာ တနင်္လာနေ့ (သြဂုတ် ၁၅ ရက်) မွန်းလွဲပိုင်းက ဘတ်စကက်ဘောကစားကွင်း အပြင်ဘက်မှာ ပြုတ်ကျခဲ့တာ ဖြစ်ပါတယ်။

play
play


ကြိုးသိုင်းထားတဲ့ ရုပ်သံကင်မရာကြီးရဲ့ အရွယ်အစားမှာ မော်တော်ဆိုင်ကယ် အသေးစားအရွယ်ဖြစ်ပြီး အောက်ဘက်မှာရှိနေတဲ့ လူတွေအပေါ်ကို ပြုတ်ကျခဲ့တာ ဖြစ်ပါတယ်။

play


ဆိုရှယ်မီဒီယာမှာ လွှင့်တင်ထားတဲ့ ဗီဒီယိုမှတ်တမ်းတွေအရ ထိခိုက်ဒဏ်ရာရတဲ့ အမျိုးသမီးများကို မြင်တွေ့ရကြောင်း အေက်အက်ဖ်ပီသတင်းက ဖော်ပြပါတယ်။

play


Source & Photo: AFP

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ