International: ဇက်အက်ဖရွန်ရဲ့အနမ်းကိုရခဲ့တဲ့ အိုလံပစ်ကျွမ်းဘားမယ်လေး

ဇက်က သူမကို တောက်လျှောက်အားပေးခဲ့တာပါ။

play

 

ရီယိုအိုလံပစ်မှာ ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ အမေရိကန်ကျွမ်းဘားမယ်လေး ဆင်မွန်းဘိုင်းလ်စ်ဟာ မင်းသားချော ဇက်အက်ဖရွန်ဆီက အနမ်းကို လက်ခံရရှိခဲ့ပါတယ်။

play

 

အသက် ၁၉ နှစ်အရွယ် ဘိုင်းလ်စ်က ရွှေတံဆိပ်လေးဆုနဲ့ ကြေးတံဆိပ်တစ်ခုကို ဆွတ်ခူးပြီးချိန်မှာ ဇက်က သူမထံလာရောက် တွေ့ဆုံအားပေးခဲ့တာဖြစ်ပါတယ်။ ဒီမတိုင်ခင်ကတည်းက ဇက်ဟာ ဘိုင်းလ်စ်ကို တောက်လျှောက်အားပေးလာခဲ့တာပါ။

play

 

ဇက်အက်ဖရွန်ရဲ့အနမ်းကို ခံယူနေစဉ်မှာလည်း ဓာတ်ပုံတွေရိုက်ထားခဲ့ပြီး ဘိုင်းလ်စ်ရဲ့ အင်စတာဂရမ်ပေါ်မှာ တင်ခဲ့ပါတယ်။

play

 

ဒါတင်မက သူမကလည်း ဇက်ကို ပြန်နမ်းခဲ့ပါသေးတယ်။ အရမ်းကိုပျော်နေတဲ့ ကျွမ်းဘားမယ်လေးက အင်စတာဂရမ်ပေါ်မှာ ပုံတွေကို ထပ်ခါတလဲလဲ တင်ခဲ့တာပါ။

play

 

ဇက်ကလည်း နှစ်ယောက်တွဲရိုက်ထားတဲ့ပုံကို သူ့ရဲ့တွစ်တာပေါ်မှာ တင်ခဲ့ပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ