International: အိုလံပစ်လက်မှတ် မှောင်ခိုရောင်းမှုကြောင့် ဥရောပ အိုလံပစ်ကော်မတီဥက္ကဋ္ဌ အဖမ်းခံရ

ဟစ်ကီးဟာ အိုင်ယာလန်နိုင်ငံ အိုလံပစ်ကော်မတီရဲ့ အကြီးအကဲတစ်ဦးလည်း ဖြစ်ပါတယ်။

  play


ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေရိုမြို့မှာ ကျင်းပနေတဲ့ ၂၀၁၆ အိုလံပစ်အားကစားပြိုင်ပွဲ လက်မှတ်များကို တရားမဝင် မှောင်ခိုရောင်းချမှုကြောင့် ဥရောပ အိုလံပစ်ကော်မတီဥက္ကဋ္ဌ ပက်ထရစ်ဟစ်ကီးကို ဖမ်းဆီးလိုက်ကြောင်း ဘရာဇီးသတင်းတွေက ဖော်ပြပါတယ်။

play


ဟစ်ကီးက အိုလံပစ်ပြိုင်ပွဲ လက်မှတ်တွေကို လက်မှတ်မှောင်ခိုရောင်းသူများထံ တရားမဝင် လွှဲပြောင်းပေးခဲ့ပြီး အဆိုပါ လက်မှတ်မှောင်ခိုများက မတန်တဆ ဈေးနှုန်းများဖြင့် တစ်ဆင့်ပြန်လည်ရောင်းချရန် စီစဉ်ခဲ့ကြောင်း သတင်းတွေက ဆိုပါတယ်။

play


ရဲတပ်ဖွဲ့က ဟစ်ကီးကို တည်းခိုနေထိုင်တဲ့ ဟိုတယ်မှာ သွားရောက်ဖမ်းဆီးစဉ် ၎င်းရဲ့ဟိုတယ်အခန်းနဲ့ ဘေးချင်းကပ်လျက်ရှိ သားဖြစ်သူ နေထိုင်တဲ့ အခန်းကို ထွက်ပြေးခဲ့တယ်လို့ ဆိုပါတယ်။ ဟစ်ကီးဟာ အိုင်ယာလန်နိုင်ငံ အိုလံပစ်ကော်မတီရဲ့ အကြီးအကဲတစ်ဦးလည်း ဖြစ်ပါတယ်။

play


ဖမ်းဆီးခံရပြီးနောက် အိုလံပစ်ကော်မတီနဲ့ ပတ်သက်တဲ့ ၎င်းရဲ့ရာထူးများအားလုံးမှ ယာယီနုတ်ထွက်ထားကြောင်း သိရပါတယ်။ ဥရောပ အိုလံပစ်ကော်မတီဥက္ကဋ္ဌ ဟစ်ကီး အဖမ်းခံရမှုဟာ ရီယို ၂၀၁၆ အိုလံပစ်ဖွင့်ပွဲနေ့က ၎င်းရဲ့မိတ်ဆွေဖြစ်သူ အိုင်းရစ်မန်းကီဗင် ဂျိမ်းစ်မဲလ်လွန် ဖမ်းဆီးခံရမှုနဲ့ ဆက်စပ်နေကြောင်း ဘရာဇီးမီဒီယာတွေက သုံးသပ်ထားပါတယ်။

play

 

အိုင်းရစ်မန်းကီဗင်ကို သြဂုတ် ၅ ရက်နေ့က ဖမ်းဆီးခဲ့စဉ် ၎င်းထံမှာ အိုလံပစ်ပြိုင်ပွဲ အထူးတန်းလက်မှတ် ၈၀၀ ကျော်ကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။ အိုင်းရစ်မန်းကီဗင်ဟာ ရီယို အိုလံပစ်ပြိုင်ပွဲ လက်မှတ်တွေကို တရားမဝင် ပြန်လည်ရောင်းချခဲ့တဲ့ THG Sports ရဲ့ ဒါရိုက်တာလည်း ဖြစ်ပါတယ်။

ရဲတပ်ဖွဲ့ရဲ့အဆိုအရ လက်မှတ်မှောင်ခို ရောင်းချသူတွေက အိုလံပစ်ပြိုင်ပွဲ လက်မှတ်တစ်စောင်ကို မြန်မာငွေ ၉၂ သိန်းကျော် (အမေရိကန်ဒေါ်လာ ၇,၈၀၀) အထိ ဈေးနှုန်းဖြင့် ပြန်လည် ရောင်းချသွားရန် စီစဉ်ထားကြောင်း သိရပါတယ်။
Source & Photo: BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ