International: ဘာစီလိုနာအသင်းက တရားမျှတစွာ ကစားခဲ့ပြီး စူပါဖလားချန်ပီယံဖြစ်ခဲ့ဟု ဘက်စကွက်ပြော

နှစ်ကျော့ပေါင်းရလဒ် ၅-၀ ဂိုးနဲ့ ဘာစီိလိုနာအသင်း ရာသီအစ ဖလားတစ်လုံး ယူနိုင်ခဲ့ပါတယ်။

play

 

ဆီဗီလာအသင်းကို အနိုင်ယူပြီး ဘာစီလိုနာအသင်း စပိန်စူပါဖလား ရရှိခဲ့ခြင်းဟာ ထိုက်တန်မျှတဲ့ရလဒ်ဖြစ်ကြောင်း ဘာစီလိုနာအသင်း ကစားသမား ဘက်စ်ကွက်က ပြောကြားလိုက်ပါတယ်။

play

 

ယမန်နေ့ညက ကစားခဲ့တဲ့ စပိန်စူပါဖလား ပွဲစဉ်မှာ ဘာစီလိုနာအသင်းက ဆီဗီလာကို ၃-၀ ဂိုးနဲ့ ထပ်မံ အနိုင်ရခဲ့ပြီးနောက် နှစ်ကျော့ပေါင်းရလဒ် ၅-၀ ဂိုးနဲ့ စူပါဖလား ချန်ပီယံဖြစ်ခဲ့တာပါ။ ဒုတိယအကျော့ပွဲစဉ်မှာ ဘာစီလိုာအသင်းအတွက် ဂိုးတွေကို တူရန်နဲ့ မက်ဆီတို့က သွင်ယူခဲ့ကြတာ ဖြစ်ပါတယ်။ ရာသီအစ ပထမဆုံးဖလားကို သိမ်းပိုက်လိုက်ပြီးတဲ့နောက်မှာ အသင်းရဲ့ ကစားသမားသစ်တွေကလည်း အသင်းကို ပိုပြီးအင်အားတောင့်တင်းအောင် စွမ်းဆောင်ပေးမယ်လို့ ဘတ်စ်ကွက်က ယုံကြည်လျှက်ရှိပါတယ်။

play

 

" ပထမအကျော့ပွဲစဉ်တုန်းက ပထမပိုင်းကစားပုံရယ် ဒီနေ့အသင်းကစားပုံရယ် နှစ်ခုလုံးမှာ ကျွန်တော်တို့ မှန်မှန်ကန်ကန် ကစားနိုင်ခဲ့ပါတယ်။ နှစ်ကျော့လုံးရဲ့ ဒုတိပိုင်းတွေမှာ ကျွန်တော်တို့ အခွင့်အရေးတွေကို အသုံးချနိုင်ခဲ့တယ်။ ဒီတော့ ကျွန်တော်တို့ဟာ မျှမျှတတပဲ ချန်ပီယံ ဖြစ်ခဲ့တာလို့ ယုံကြည်ပါတယ်" လို့ ဘက်စကွက်က ပြောခဲ့တာပါ။

Source : Marca

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ