International: အိုလံပစ်သမိုင်းတစ်လျှောက် အမြန်ဆုံးဂိုးကို နေမာ သွင်းယူနိုင်ပြီး ဘရာဇီးဗိုလ်လုပွဲတက်

ပွဲစပြီး ၁၄ စက္ကန့်မှာတင် သွင်းယူနိုင်ခဲ့တဲ့ ဂိုးဖြစ်ပါတယ်။

 

အိုလံပစ်အမျိုးသားဘောလုံးပြိုင်ပွဲသမိုင်းတစ်လျှောက် အမြန်ဆုံး သွင်းဂိုးကို အိမ်ရှင်ဘာရာဇီးအသင်းခေါင်းဆောင် နေမာက သွင်းယူနိုင်ခဲ့ပါတယ်။ ဒီဂိုးအပါအဝင် ဘရာဇီးက ဟွန်ဒူးရပ်စ်အသင်းကို ဆီမီးဖိုင်နယ်မှာ ခြောက်ဂိုးပြတ် အနိုင်ရပြီးနောက် ဗိုလ်လုပွဲကို တက်ရောက်သွားခဲ့ပြီဖြစ်ပါတယ်။

 

တစ်ဖက် ဆီမီးဖိုင်နယ်ပွဲစဉ်မှာလည်း ဂျာမနီအသင်းက နိုင်ဂျီရီးယားအသင်းကို ၂-၀ ဂိုးနဲ့ အနိုင်ယူပြီးနောက် ဗိုလ်လုပွဲကို တက်လှမ်းလာခဲ့ပြီဖြစ်လို့ ဘရာဇီးနဲ့ တွေ့ဆုံရတော့မှာပါ။ ပွဲစပြီး ၁၄ စက္ကန့်အရောက်မှာတင် တိုက်စစ်မှူး နေမာသွင်းယူတဲ့ ဂိုးက အိုလံပစ်သမိုင်းတစ်လျှောက် အမြန်ဆုံးသွင်းဂိုး ဖြစ်သွားခဲ့တာပါ။ ဒီလို ပွဲအစမှာတင် ခပ်မြန်မြန် ဂိုးရအောင် ကြိုးစားနိုင်ခဲ့တဲ့အတွက် ဘရာဇီးနိုင်ပွဲဟာ မခက်ခဲခဲ့တာဖြစ်ကြောင်း အသင်းနည်းပြ မီကေးလ်က ပွဲအပြီးမှာ ပြောပါတယ်။

ပွဲစလို့ ဟွန်ဒူးရပ်စ်အသင်းက လူပေးပြီးတဲ့အချိန်မှာပဲ နောက်ခံလူရဲ့အမှားကတစ်ဆင့် နေမာ ဘောလုံးရသွားပြီး သွင်းယူလိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ 

Source : Telegraph

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ