International: ကိုယ့်ကိုကိုယ် လက်ဆောင်ပေးထားတဲ့ ကားအသစ်ကို ထုတ်စီးပြလိုက်တဲ့ ရော်နယ်ဒို

ရော်နယ်ဒိုက ရာသီသစ်မတိုင်ခင် ဇိမ်ခံကားအသစ်နဲ့ ထွက်လာတာ ဖြစ်ပါတယ်။

play

 

ရီးရဲလ်မက်ဒရစ် ကြယ်ပွင့်ကစားသမား ရော်နယ်ဒိုဟာ မကြာသေးခင်ကမှ ဝယ်ယူထားတဲ့ သူ့ရဲ့ ပေါင် ၁.၇ သန်းတန် ဘူဂတ်တီအမျိုးအစား ဇိမ်ခံကားကို ထုတ်စီးပြပြီး လူမြင်ကွင်းကိုထွက်လာခဲ့ပါတယ်။

play

 

ပေါ်တူဂီအသင်းနဲ့အတူ ယူရိုချန်ပီယံဖြစ်ပြီးနောက် ပေါ်တူဂီအသင်းခေါင်းဆောင် ရော်နယ်ဒိုက ဒီဇိမ်ခံကားကို ကိုယ့်ကိုကိုယ် ဂုဏ်ပြုတဲ့အနေနဲ့ ဝယ်ယူထားတာ ဖြစ်ပါတယ်။ အစောပိုင်းတုန်းက Bugatti Veyron အမျိုးအစား ဒီဇိမ်ခံကားကို ရော်နယ်ဒိုက ဓာတ်ပုံရိုက်ပြီး အင်စတာဂရမ်ပေါ် တင်ခဲ့ပါသေးတယ်။

play

 

အခု သူကိုယ်တိုင်ကားအသစ်ကို ထုတ်စီးနေတဲ့ ဗီဒီယိုဖိုင်ရိုက်ကူးပြီး အင်စတာဂရမ်ပေါ် ထပ်တင်ခဲ့တာပါ။ အားလပ်ရက် ခရီးစဉ် ပြီးဆုံးသွားပြီဖြစ်တဲ့ ရော်နယ်ဒို ရီးရဲလ်မက်ဒရစ်အသင်းနဲ့အတူ လေ့ကျင့်ခန်း ပြန်ဆင်းနေပြီဖြစ်ပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ