International: အိုင်ယာလန် အိုလံပစ်ကော်မတီဥက္ကဋ္ဌ လက်မှတ်မှောင်ခိုမှုဖြင့် ထောင်ထဲရောက်

, updated

ဟစ်ကီးကို ဖမ်းဆီးခဲ့ပြီးနောက် ၎င်းက ကျန်းမာရေးမကောင်းကြောင်း ပြောကြားခဲ့မှုကြောင့် ဆေးရုံမှာ နှစ်ရက်ကြာ ထိန်းသိမ်းထားခဲ့ပါတယ်။

play


ဘရာဇီးမှာ အိုလံပစ်လက်မှတ် မှောင်ခိုရောင်းမှုဖြင့် အဖမ်းခံခဲ့ရတဲ့ အိုင်ယာလန် အိုလံပစ်ကော်မတီနဲ့ ဥရောပ အိုလံပစ်ကော်မတီဥက္ကဋ္ဌ ပက်ထရစ်ဟစ်ကီးကို အကျဉ်းထောင်သို့ပို့ဆောင် ထိန်းသိမ်းထားကြောင်း သိရပါတယ်။

အသက် ၇၁ နှစ်အရွယ် ဟစ်ကီးကို ဗုဒ္ဓဟူးနေ့ (သြဂုတ် ၁၇ ရက်) က ရီယိုဒီဂျနေရိုမြို့မှာ ဖမ်းဆီးခဲ့ပြီးနောက် ၎င်းက ကျန်းမာရေးမကောင်းကြောင်း ပြောကြားခဲ့မှုကြောင့် ဆေးရုံမှာ နှစ်ရက်ကြာ ထိန်းသိမ်းထားခဲ့ပါတယ်။

play


ဟစ်ကီးရဲ့ အမှုကို ဆက်လက် စစ်ဆေးမှာဖြစ်ပြီး ၎င်းကို သောကြာနေ့ (သြဂုတ် ၁၉ ရက်) က ရီယိုဒီဂျနေရိုမြို့ရှိ ဘန်ဂူးအကျဉ်းထောင်သို့ ပြောင်းရွှေ့ထိန်းသိမ်းထားကြောင်း သိရပါတယ်။ ဟစ်ကီးက အိုလံပစ်လက်မှတ်များ မှောင်ခိုရောင်းချရန် Pro 10 အမည်ရှိ ကုမ္ပဏီတစ်ခုကို ငှားရမ်းခဲ့တယ်လို့ ဆိုပါတယ်။

play


ဟစ်ကီး ငှားရမ်းခဲ့တဲ့ ကုမ္ပဏီက အိုလံပစ်လက်မှတ်တွေကို THG Sports အမည်ရှိ အခြား ကုမ္ပဏီတစ်ခုထံ ထပ်မံလွှဲပြောင်းခဲ့ပါတယ်။ THG Sports ကုမ္ပဏီရဲ့ ဒါရိုက်တာဖြစ်သူမှာ အိုလံပစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပတဲ့ သြဂုတ် ၅ ရက်မှာ အိုလံပစ်လက်မှတ် ၈၀၀ ကျော်နဲ့အတူ အဖမ်းခံခဲ့ရပါတယ်။

play


ဟစ်ကီးနဲ့ ပူးပေါင်းပြီး လက်မှတ်မှောင်ခို ရောင်းချသူတွေက အိုလံပစ်ပြိုင်ပွဲ လက်မှတ်တစ်စောင်ကို မြန်မာငွေ ၉၂ သိန်းကျော် (အမေရိကန်ဒေါ်လာ ၇,၈၀၀) အထိ ဈေးနှုန်းဖြင့် ပြန်လည် ရောင်းချသွားရန် စီစဉ်ထားကြောင်း သိရပါတယ်။ ပိတ်ပွဲအခမ်းအနား လက်မှတ်တစ်စောင်ကိုမူ မြန်မာငွေ ၁၇၇ သိန်းကျော် (အမေရိကန်ဒေါ်လာ ၁၅,၀၀၀) အထိ ဈေးနှုန်းဖြင့် ပြန်လည်ရောင်းချရန် စီစဉ်ခဲ့ကြောင်း ဘရာဇီးရဲတပ်ဖွဲ့က ပြောပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ