International: ဂျာမနီ အမျိုးသမီးဘောလုံးအသင်း အိုလံပစ် ရွှေတံဆိပ် ဆွတ်ခူး

, updated

အိမ်ရှင်ဘရာဇီး အမျိုးသမီးအသင်းကတော့ ကြေးတံဆိပ်နဲ့တော့ လွဲချော်ခဲ့ပါတယ်။

play

 

အိုလံပစ်အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲမှာ ဂျာမနီအသင်း ဆွီဒင်အသင်းကို အနိုင်ယူပြီးနောက် ပထမဆုံး ရွှေတံဆိပ်ဆုကို ဆွတ်ခူးရရှိခဲ့ပြီဖြစ်ပါတယ်။

play

 

ပထမပိုင်းမှာ ဂျာမနီအမျိုးသမီးအသင်း ဂိုးမသွင်းနိုင်ခဲ့ပေမဲ့ ဒုတိယပိုင်းရောက်မှ သွင်းယူတဲ့ ဂိုးနှစ်ဂိုးနဲ့ ဆွီဒင်အသင်းကို အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ ဆွီဒင်အမျိုးသမီးအသင်းကတော့ တစ်ဂိုးသာ ပြန်ချေပနိုင်ခဲ့လို့ အချိန်ပိုရောက်အောင် မစွမ်းဆောင်နိုင်ခဲ့ပါဘူး။

play

 

၂၀၁၂ ခုနှစ်မှာ ဂျာမနီအမျိုးသမီးအသင်းက အိုလံပစ်ခြေစစ်ပွဲမအောင်မြင်ခဲ့ပေမဲ့ ၂၀၀၀၊ ၂၀၀၄ နဲ့ ၂၀၀၈ အိုလံပစ်ပြိုင်ပွဲတွေမှာတော့ သုံးနှစ်ဆက်တိုက် ကြေးတံဆိပ်ဆုကို ဆွတ်ခူးထားတဲ့ အသင်းဖြစ်ပါတယ်။ ဆွီဒင်အမျိုးသမီးအသင်းဟာ ဗိုလ်လုပွဲတက်လာခဲ့ပေမဲ့ ဗိုလ်လုပွဲမတိုင်ခင် ငါးပွဲမှာ သုံးဂိုးသာ သွင်းနိုင်ခဲ့တဲ့ အသင်းဖြစ်ပါတယ်။ တစ်ဖက် တတိယလုပွဲမှာလည်း အိမ်ရှင်ဘရာဇီးကို ကနေဒါအသင်းကို ရှုံးနိမ့်ပြီး ကြေးတံဆိပ်နဲ့တောင် လွဲချော်ခဲ့ပါတယ်။

Source : Bleacher Report

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ