International: ၅၂ နှစ်ကြာစောင့်စားခဲ့ရသည့် အိုလံပစ်ရွှေတံဆိပ်ကို ဘရာဇီးဘောလုံးအသင်း ဆွတ်ခူး

ဘရာဇီးကို ဂျာမနီကို ကမ္ဘာ့ဖလား ရှုံးကြွေး ပြန်ဆပ်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

play

 

ရီယိုအိုလံပစ်အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲမှာ အိမ်ရှင် ဘရာဇီးအသင်းက ဂျာမနီကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ယူပြီးနောက် ရွှေတံဆိပ်ဆု ရရှိသွားခဲ့ပြီဖြစ်ပါတယ်။

play

 

၂၀၁၄ ကမ္ဘာ့ဖလားမှာ ဂျာမနီအသင်းက ဘရာဇီးကို ၇-၁ ဂိုးနဲ့ အရှက်ခွဲခဲ့တဲ့ ရလဒ်ကိုလည်း ဘရာဇီး ပြန်လည်ရှုံးကြွေးဆပ်နိုင်ခဲ့တာဖြစ်ပါတယ်။ အိုလံပစ်ပြိုင်ပွဲ ဗိုလ်လုပွဲတွေမှာ ဘရာဇီးဘောလုံးအသင်း ရလဒ်မကောင်းလေ့ရှိတဲ့ စံချိန်ကိုလည်း နေမာဦးဆောင်တဲ့ အသင်းက ချေဖျက်ပြနိုင်ခဲ့ပါတယ်။

play

 

ပထမပိုင်းမှာ နေမာရဲ့ အလွတ်တည်ကန်ဘောကတဆင့် ဘရာဇီးအသင်းက ဦးဆောင်ဂိုးရခဲ့ပေမယ့် ဂျာမနီအသင်းဘက်က မက်စ်မီယာက ချေပဂိုးပြန်သွင်းခဲ့လို့ အချိန်ပိုအထိသာမက ပင်နယ်တီအဆုံးအဖြတ်ပါ ခံယူခဲ့ရတာ ဖြစ်ပါတယ်။

မာရာကာနာကွင်းမှာ ပြုလုပ်ခဲ့တဲ့ ဒီပွဲစဉ်မှာ ပရိသတ် ၇၈၀၀၀ ကျော် လာရောက်ကြည့်ခဲ့ပါတယ်။ ၁၉၈၄၊ ၁၉၈၈ နဲ့ ၂၀၁၂ ခုနှစ်တွေမှာ အိုလံပစ်ဗိုလ်လုပွဲတွေ ရှုံးနိမ့်ခဲ့ပြီးနောက် အခုအိမ်ရှင်ပြုလုပ်တဲ့နှစ်မှာ ဘရာဇီးအသင်းရွှေတံဆိပ် ရှိခဲ့ပါတယ်။

play

 

ပင်နယ်တီအဆုံးအဖြတ်မှာ ဘရာဇီးက ဂျာမနီကို ၅-၄ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး နောက်ဆုံးပင်နယ်တီကို နေမာက သွင်းယူခဲ့တာပါ။ ဒီရွှေတံဆိပ်ရဖို့ ဘရာဇီးဟာ ၅၂ နှစ်ကြာ စောင့်ခဲ့ရပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ