International: ကင်ဆာရောဂါသည် ကလေးကိုကူညီရန် အိုလံပစ် ငွေတံဆိပ်ဆုကို လေလံတင်

ပိုလန်အားကစားသမားရဲ့ အိုလံပစ်ငွေတံဆိပ်ဆု လေလံတင်မှုကို လာမယ့် သြဂုတ် ၂၆ ရက်မှာ ပိတ်သိမ်းမှာ ဖြစ်ပါတယ်။

play


၂၀၁၆ အိုလံပစ် သံပြားဝိုင်းပစ်ပြိုင်ပွဲမှာ ငွေတံဆိပ်ရရှိခဲ့တဲ့ ပိုလန်အားကစားသမားက ၎င်းရဲ့ အိုလံပစ်ငွေတံဆိပ်ကို လေလံတင်ရောင်းချပြီး ဖြစ်ခဲလှတဲ့ ကင်ဆာရောဂေါ ခံစားနေရသူ ကလေးငယ်ရဲ့ ဆေးကုသစရိတ်အတွက် လှူဒါန်းသွားမှာ ဖြစ်ပါတယ်။

play


ပိုလန်မှ သံပြားဝိုင်းပစ် အားကစားသမား မဲလ်လာချိုစကီးက ၎င်းရဲ့ အိုလံပစ်ငွေတံဆိပ် ရောင်းချရငွေကို အသက် ၃ နှစ်အရွယ် ပိုလန်ယောက်ျားလေး ကလေးငယ်အတွက် လှူဒါန်းသွားမယ်လို့ သောကြာနေ့ (သြဂုတ် ၁၉ ရက်) မှာ ပြောပါတယ်။

play


အဆိုပါ ၃ နှစ်အရွယ် ကလေးငယ် အိုလက်ခ်မှာ ဖြစ်ခဲလှတဲ့ မျက်လုံးကင်ဆာရောဂါကို ၂ နှစ်နီးပါးကြာ ခံစားနေခဲ့ရတာ ဖြစ်ပါတယ်။ အိုလက်ခ်ရဲ့ မျက်လုံးကင်ဆာကို ပိုလန်မှာ ကုသရန်မဖြစ်နိုင်ဘဲ အမေရိကန်နိုင်ငံ နယူးယော့ခ်မြို့မှာ ကုသမှုခံယူရမှာ ဖြစ်ပါတယ်။

play


နယူးယော့ခ်မှာ ဆေးကုသမှုအတွက် လိုအပ်တဲ့ ကုန်ကျစရိတ်တွေကို Siepomaga အမည်ရှိ ပိုလန်ဖောင်ဒေးရှင်းက ဦးဆောင်ပြီး စုဆောင်းပေးခဲ့ရာ စုစုပေါင်း ကုန်ကျစရိတ် ပေါင်စတာလင် ၉၆,၄၄၈ ရဲ့ သုံးပုံတစ်ပုံ ရရှိခဲ့ပါတယ်။

play


ပိုလန်အားကစားသမားရဲ့ အိုလံပစ်ငွေတံဆိပ်ဆုကို လေလံတင်ခဲ့ရာမှာ သောကြောနေ့အထိ အမြင့်ဆုံး ဈေးနှုန်း အမေရိကန်ဒေါ်လာ ၆,၀၀၀ ရရှိခဲ့ပြီး လေလံကို လာမယ့် သြဂုတ် ၂၆ ရက်မှာ ပိတ်သိမ်းမှာ ဖြစ်ပါတယ်။

  play


၎င်းရဲ့ ငွေတံဆိပ်ဆုကို လေလံဆွဲဝယ်ယူရန် အားလုံးကို ဖိတ်ခေါ်ကြောင်းနဲ့ ဒီလို ကူညီခဲ့ပါက ၎င်းရဲ့ ငွေတံဆိပ်ဆုဟာ ကလေးငယ် အိုလက်ခ်အတွက် ရွှေတံဆိပ်ထက် ပိုပြီးတန်ဖိုးရှိနိုင်ကြောင်း မဲလ်လာက ပြောပါတယ်။
Source & Photo: Reuters

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ