International: အူစိန်ဘို့နဲ့ ဂျမေကာသူအလန်းလေးတို့ ယူတော့မယ်လို့ဆို

တွဲလာတာ ၂ နှစ်လောက် ရှိနေပါပြီ။

play

 

ကမ္ဘာ့အမြန်ဆုံးလူသား အူစိန်ဘို့ဟာ သူ့ရဲ့ချစ်သူ ဂျမေကာသူလေးနဲ့ မကြာမီ စေ့စပ်တော့မယ့်အကြောင်း ဘို့ရဲ့အစ်မက ထုတ်ပြောလာပါတယ်။

play

 

အသက် ၃၀ အရွယ် ကမ္ဘာ့အမြန်ဆုံးလူသားကြီးနဲ့ အသက် ၂၆ နှစ်အရွယ် ဂျမေကာသူလေး ကာစီဘန်းနက်တို့ရဲ့ ချစ်ခရီးလမ်းဟာ ၂ နှစ်ကျော် ကြာမြင့်ခဲ့ပြီလို့လည်း သိရပါတယ်။ လူမြင်ကွင်းကိုတွဲပြီးထွက်လေ့မရှိပေမဲ့ ဒီပိတ်ရက်အတွင်းမှာ စုံတွဲလိုက် ပွဲတက်ကြတာကို တွေ့ရပါတယ်။

play

 

"ဘို့တို့အတွဲက အရမ်းကိုအဆင်ပြေကြပါတယ်။ ဘို့အိမ်ပြန်ရောက်တာနဲ့ သူတို့ စေ့စပ်ကြတော့မှာပါ" လို့ ဘို့ရဲ့အစ်မ ခရစ္စတင်းဘို့က ပြောကြားခဲ့တာဖြစ်ပါတယ်။ ဘို့ဟာ ရီယိုဒီဂျနေးယိုးမှာပြုလုပ်နေတဲ့ အိုလံပစ်ပွဲတော်ကို ဝင်ရောက်ယှဉ်ပြိုင်ရာမှာ ရွှေတံဆိပ်သုံးခု ဆွတ်ခူးခဲ့ပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ