International: ပရီးမီးယားလိဂ်သို့ ပြောင်းရွှေ့ရန်ဆန္ဒရှိဟု ဂရိဇ်မန်း ပြော

, updated

ဂရိဇ်မန်းကိုလည်း ပရီးမီးယားလိဂ် ထိပ်သီးအသင်းတွေက ခေါ်ယူဖို့ ဆန္ဒရှိနေတာပါ။

play

 

ဥရောပထိပ်သီးအသင်းတွေ အပြိုင်စိတ်ဝင်စားနေကြတဲ့ အသလက်တီကိုကွင်းလယ်တိုက်စစ်ကစားသမား ဂရိဇ်မန်းက သူ့မှာ ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့လာဖို့ စိတ်ကူးရှိကြောင်း ထုတ်ပြောလိုက်ပါတယ်။

play

 

လက်ရှိအသလက်တီကိုအသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ပြည့်တဲ့အခါ ပရီမီးယားလိဂ်ကို ပြောင်းရွှေ့ရမလားဆိုတဲ့ မေးခွန်းကို အဖြေထွက်ဖို့ သူပြန်စဉ်းစားမယ်လို့ ဂရိဇ်မန်းက ပြောပါတယ်။ ဂါးဒီးယန်းသတင်းစာနဲ့ အင်တာဗျူးမှာ ဂရိဇ်မန်းက အခုလို ပြောခဲ့တာဖြစ်ပြီး သူ့ရဲ့ကစားသမားဘဝ လေးစားရတဲ့ပုဂ္ဂိုလ်ကလည် ဒေးဗစ်ဘက်ခမ်းဖြစ်တယ်လို့ ဆိုပါတယ်။

play

 

" ကျွန်တော်ဒေးဗစ်ကို လေးစားအားကျတာပါ။ အဲဒါကြောင့်လည်း လက်ရှည်အမြဲဝတ်ပြီး နံပါတ် ၇ ကိုရွေးထားတာပေါ့။ ပရီးမီးယားလိဂ်ကိုလည်း ကျွန်တော်လာကစားဖို့ ဆန္ဒရှိပါတယ်။ အသလက်တီကိုနဲ့ စာချုပ်ပြည့်သွားတဲ့အခါ ဒါကို ပြန်စဉ်းစားမှာပါ" လို့ ဂရိဇ်မန်းက ဆိုပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ