International: ရွှေတံဆိပ်ရပြီးနောက် အမှတ်တရ တက်တူးထိုးလိုက်တဲ့ နေမာ

ဘရာဇီးအသင်းအတွက် ၅၂ နှစ်ကြာ စောင့်စားခဲ့တဲ့ ရွှေတံဆိပ်ရပြီးနောက် နေမာက အမှတ်တရ တက်တူးထိုးလိုက်တာပါ။

play

 

ဘရာဇီးအသင်းနဲ့အတူ အိုလံပစ်အမျိုးသားဘောလုံးပြိုင်ပွဲမှာ ရွှေတံဆိပ်ရခဲ့တဲ့ နေမာက အိုလံပစ်ပြိုင်ပွဲအမှတ်တရ တက်တူးတစ်ခု ရေးထိုးလိုက်ပါတယ်။

play

 

အိုလံပစ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲမှာ နေမာရဲ့ ဘရာဇီးအသင်းဟာက ဂျာမနီကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ယူပြီး ၂၀၁၄ ကမ္ဘာ့ရှုံးကြွေးကို ဆပ်နိုင်ခဲ့တာပါ။ သာမန်ပွဲကစားချိန်မှာ တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့ပြီးနောက် ပင်နယ်တီ အဆုံးအဖြတ်မှာ ဘရာဇီးက ဂျာမနီကို ၄-၅ ဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

၂၀၀၇ ခုနှစ်မှာ ကိုပါအမေရိကဖလား ချန်ပီယံဖြစ်ခဲ့ပြီးနောက်ပိုင်း ဘရာဇီးအသင်းအတွက် ပထမဆုံးအဓိက ဆုဖလား ဖြစ်ခဲ့သလို အိုလံပစ်ဘောလုံးပြိုင်ပွဲမှာ ရွှေတံဆိပ်ရဖိုပလည်း နှစ်ပေါင်းများစွာ စောင့်စားခဲ့ရတာပါ။

ဆုတံဆိပ်ရရှိပြီးနောက် နေမာက သူ့ရဲ့လက်ဖျံပေါ်မှာ အိုလံပစ်အမှတ်အသားတံဆိပ်နဲ့ ၂၀၁၆ ဆိုတဲ့ ခုနှစ်ကိန်းဂဏန်းကို ကတ်တူးထိုးခဲ့တာပါ။

Source : ESPN

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ