International: မက်ဆီကို ပြန်လည်ခေါ်ယူနိုင်ရန် အသင်းဟောင်းအိုးလ်ဘွိုင်း ကြိုးပမ်းနေ

မက်ဆီဘောလုံးသမားဘဝက အနားမယူခင်မှာ ပြန်ခေါ်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ ဆိုပါတယ်။

play

 

ဘောလုံးသမားဘဝက အနားမယူခင်မှာ ဘာစီလိုနာအသင်း ကစားသမားမက်ဆီကို ပြန်လည်ခေါ်ယူနိုင်မယ်လို့ မျှော်လင့်ကြောင်း မက်ဆီရဲ့ ငယ်ဘဝအသင်း နယူးဝဲလ်အိုးလ်ဘွိုင်းအသင်းက မျှော်လင့်လျှက်ရှိပါတယ်။

မက်ဆီရဲ့ ကစားသမားဘဝ အကောင်းဆုံးအချိန်မှာတော့ အသင်းက ခေါ်ယူနိုင်ဖို့ မျှော်လင့်ချက်မရှိပေမဲ့ ကစားသမားဘဝက အနားခါနီး အသက်အရွယ်ရတဲ့အခါ ဘောလုံးသမားဘဝ နောက်ဆုံးအချိန်ကို ငယ်ဘဝကစားခဲ့တဲ့ အသင်းထံမှာ ပြန်လည်ကုန်ဆုံးအောင် ကြိုးပမ်းသွားမယ်လို့ အိုးလ်ဘွိုင်းအသင်းရဲ့ ဒုဥက္ကဋ္ဌက ပြောပါတယ်။ မက်ဆီကဟာ ဘာစီလိုနာအသင်းကို ၁၄ နှစ်သားအရွယ်မှာ ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး အဲဒီမတိုင်ခင်က အိုးလ်ဘွိုင်းအသင်းမှာ ကစားခဲ့တာဖြစ်ပါတယ်။

play

 

" ကမ္ဘာ့အကောင်းဆုံး ကစားသမားတစ်ဦးကို အိုးလ်ဘွိုင်းကလပ်အသင်း ဂျာစီပေးဝတ်လိုက်မယ်ဆိုရင် ကလပ်အသင်းအနေနဲ့လည်း သမိုင်းဝင်ဖြစ်ရပ်တစ်ခုကို စွမ်းဆောင်နိုင်မှာ ဖြစ်ပါတယ်" လို့အသင်းဒုဥက္ကဋ္ဌ ဒီအေမီကိုက ပြောခဲ့တာဖြစ်ပါတယ်။ မက်ဆီသာ လာမယ်ဆိုရင် နိုင်ငံရဲ့ စီးပွားရေးကိုပါ အကျိုးသက်ရောက်နိုင်ပြီး အသင်းအတွက်လည်း အကျိုးသက်ရောက်မှု များစွာရှိနိုင်တယ်လို့ သုံးသပ်ထားပါတယ်။

Source : Sky Sports

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ