International: အိမ်လှေကားပေါ်ကပြုတ်ကျလို့ ဟာနန်ဒက်ဇ်လက်ကျိုး

ဘွန်ဒက်စ်လီဂါ အဖွင့်ပွဲကို လွဲချော်ရမယ့်အပြင် အနည်းဆုံး သီတင်းနှစ်ပတ်လောက်တော့ နားရဦးမှာပါ။

play

 

လေဗာကူဆင်ကစားသမား ဂျာဗီးယား ဟာနန်ဒက်ဇ်ဟာ ယင်းရဲ့အိမ်လှေကားပေါ်ကနေ ပြုတ်ကျရာက လက်အရိုးကျိုးသွားခဲ့တယ်လို့ သိရပါတယ်။ လက်ဒဏ်ရာကြောင့် စနေနေ့ကစားမယ့် ဘွန်ဒက်စ်လီဂါ အဖွင့်ပွဲစဉ်မှာ ကန်ရမယ့် မိုချန်ကလက်ဘက်နဲ့ပွဲစဉ်ကို လွဲချော်ရတော့မှာပါ။

ချီချာရီတိုဟာ ယမန်နေ့ညက သူ့ရဲ့အိမ်လှေကားပေါ်ကနေ ပြုတ်ကျလို့ ညာလက်အရိုးကျိုးသွားခဲ့ပြီး ယနေ့မနက်မှာ ခွဲစိတ်ကုသမှုပြုလုပ်လိုက်ရတယ်လို့ လေဗာကူဆင်အသင်းက သတင်းထုတ်ပြန်ထားပါတယ်။

play

 

လေဗာကူဆင်ရဲ့အသင်းခေါင်းဆောင် လားစ်ဘန်ဒါကလည်း အိုလံပစ်ဖိုင်နယ်မှာ ဂျာမနီအသင်းအတွက် ဝင်ကစားရင်း ခြေကျင်းဝတ်ဒဏ်ရာရခဲ့လို့ ယခုနှစ် ဘွန်ဒက်စ်လီဂါအဖွင့်ပွဲစဉ်မှာ ပါဝင်နိုင်မှာမဟုတ်ပါဘူး။ ဟာနန်ဒက်ဇ်ကလည်း အနည်းဆုံး နှစ်ပတ်လောက် နားရဖို့ရှိနေပါတယ်။

Source : Sky Sport

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ