International: မက်ဆီမပါတော့တဲ့ ဥရောပအကောင်းဆုံး ဘောလုံးသမားဆု ဘယ်သူရမလဲ

ဒီနှစ်အတွက် ဥရောပအကောင်းဆုံး ဘောလုံးသမားဆုရှင်အသစ် ထွက်လာနိုင်ပါတယ်။

play

 

၂၀၁၅-၁၆ ဘောလုံးရာသီအတွက် ဥရောပအကောင်းဆုံး ဘောလုံးသမားဆုကို လာမယ့်သြဂုတ်လ ၂၅ ရက်နေ့မှာ ပေးအပ်ချီးမြှင့်သွားမှာ ဖြစ်ပါတယ်။

ဒီနှစ်အတွက် အကောင်းဆုံး ဥရောပဘောလုံးသမားဆု နောက်ဆုံးဆန်ခါတင် သုံးဦးစာရင်းမှာ မက်ဆီပါဝင်လာတော့ခြင်း မရှိဘဲ ရီးရဲလ်မက်ဒရစ်က ရော်နယ်ဒိုနဲ့ ဂါရက်ဘေးလ် အပြင် အသလက်တီကိုအသင်းက ဂရိဇ်မန်းတို့ ပါဝင်လာခဲ့တာဖြစ်ပါတယ်။ မနှစ်ကတော့ ဒီဆုကို မက်ဆီက ရရှိထားတာပါ။ အားကစားဂျာနယ်အသီးသီးရဲ့ မဲပေးရွေးချယ်မှုနဲ့အတူ ဥရောပအကောင်းဆုံး ဘောလုံးသမားဆုကို ရွေးချယ်တာ ဖြစ်ပါတယ်။

၁။ ဂါရက်ဘေးလ်

play

 

ရီးရဲလ်မက်ဒရစ်အသင်း ချန်ပီယံလိဂ်ဖလား ရခဲ့ရာမှာ ဂါရက်ဘေးလ်လည်း အဓိက ကျခဲ့တာပါ။ ဒါ့အပြင် ယူရိုမှာလည်း အသင်းငယ်လေး ဝေးလ်အသင်းကို ဆီမီးဖိုင်နယ်အထိ ရောက်အောင် သမိုင်းဝင်ပို့ဆောင်ပေးနိုင်ခဲ့ပါသေးတယ်။

၂။ ရော်နယ်ဒို

play

 

ရော်နယ်ဒိုကတော့ သိပ်ပြောစရာမလိုတော့ပါဘူး။ ပေါ်တူဂီအသင်းနဲ့ ယူရိုချန်ပီယံဖြစ်ခဲ့တဲ့အပြင် ရီးရဲလ်မက်ဒရစ်နဲ့လည်း ချန်ပီယံလိဂ် ဖလားရခဲ့ပါသေးတယ်။ ရော်နယ်ဒိုအတွက် အောင်မြင်မှုအရဆုံးနှစ်တစ်နှစ်ပါ။

၃။ ဂရိဇ်မန်း

play

 

ဂရိဇ်မန်းဟာ နှစ်နှစ်အတွင်း အကောင်းဆုံးခြေစွမ်းရခဲ့ပြီး ပြီးခဲ့တဲ့ဘောလုံးရာသီမှာတော့ အမြင့်ဆုံး ခြေစွမ်းကိုပါပြနိုင်ခဲ့ပါတယ်။ အသလက်တီကိုအသင်းနဲ့အတူ ချန်ပီယံလိဂ် ဗိုလ်လုပွဲတက်ခဲ့သလို၊ ပြင်သစ်အသင်းနဲ့လည်း ယူရိုဗိုလ်လုပွဲ တက်ခဲ့ပါတယ်။ ဒါပေမယ့် ချန်ပီယံတော့ မဖြစ်ခဲ့ပါဘူး။

Source : Sky Sports

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ