International: အဖေက မန်နေဂျာ၊ သားက လက်ထောက်လုပ်မည့် ဘိုင်ယန်မြူးနစ်

ဘိုင်ယန်မြူးနစ်ကစားသမားတွေဟာ သားအဖနှစ်ဦးရဲ့ နည်းပြမှုအောက်မှာ ကစားရမှာပါ။

play

 

ဘိုင်ယန်မြူးနစ်အသင်းမန်နေဂျာအဖြစ် တာဝန်ယူနေတဲ့ နည်းပြအန်ဆလော့တီက သူ့ရဲ့သားဖြစ်သူဒါဗီဒေးကိုအသင်းလက်ထောက်နည်းပြအဖြစ်ခန့်အပ်လိုက်ကြောင်းသိရပါတယ်။

play

 

ဘိုင်ယန်မြူးနစ်အသင်းအတွက် ဘွန်ဒက်စ်လီဂါဘောလုံးရာသီသစ် မစခင်မှာပဲ အန်ဆလော့တီက အံအားသင့်ဖွယ် လက်ထောက်နည်းပြခန့်အပ်မှုကို ကြေညာလိုက်တာဖြစ်ပါတယ်။ နည်းပြအန်ဆလော့တီရဲ့ သားဖြစ်သူဟာ အသက် ၂၇ နှစ်အရွယ်သာ ရှိသေးပြီး အေစီမီလန်လူငယ်ကစားသမားဟောင်း ဖြစ်ခဲ့ပေမဲ့ စီရီးအေပြိုင်ပွဲမှာ ခြေစွမ်းတောက်ပခွင့် မရခဲ့ပါဘူး။

play

 

ဘိုင်ယန်မြူးနစ်အသင်းကို ရောက်မလာခင် ရီးရဲလ်မက်ဒရစ်အသင်းကို အန်ဆလော့တီ ကိုင်တွယ်ခဲ့စဉ်ကလည်း သားဖြစ်သူ ဒါဗီဒေးဟာ ကလပ်အသင်းမှာ အလုပ်လုပ်ခဲ့ပါသေးတယ်။ လက်ထောက်နည်းပြအဖွဲ့ဝင် မဟုတ်ခဲ့ပေမဲ့ ရော်နယ်ဒိုအပါအဝင်၊ အခြားကစားသမား တွေနဲ့ အလုပ်လုပ်ခဲ့ဖူးသူ ဖြစ်ပါတယ်။ ဘောလုံးလောကမှာ ထိပ်သီးအသင်းတွေကို ပူးတွဲကိုင်တွယ်ဖူးတဲ့ သားအဖဟာ ဒါပထမဆုံးတော့ မဟုတ်ပါဘူး။

play

 

ရီးရဲလ်မက်ဒရစ်နည်းပြ ဇီဒန်း၊ စပါးနည်းပြဟောင်း ဟယ်ရီရက်နပ်၊ စတိဗ်ဘရုစ် စတဲ့နည်းပြတွေဟာ သားဖြစ်သူတွေကို လက်ထောက်နည်းပြအဖွဲ့ဝင်တွေအဖြစ် အလုပ်ပေးခဲ့ဖူးသူတွေဖြစ်ပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ