International: ချန်ပီယံလိဂ် အုပ်စုမဲခွဲပွဲနှင့် ဥရောပဘောလုံးသမား ဆုပေးပွဲ ယနေ့ကျင်းပမည်

၁၉၉၅ ခုနှစ်နောက်ပိုင်း ပထမဆုံးကြိမ်အဖြစ် မန်ယူနဲ့ ချယ်လ်ဆီး နှစ်သင်းလုံး မပါဝင်တဲ့ ပြိုင်ပွဲ ဖြစ်လာမှာပါ။

play

 

၂၀၁၆-၁၇ ဘောလုံးရာသီအတွက် ချန်ပီယံလိဂ် အုပ်စုမဲခွဲပွဲကို ယနေ့ည မိုနာကိုမှာ ကျင်းပမှာ ဖြစ်ပါတယ်။

play

 

ချန်ပီယံလိဂ် အုပ်စုမဲခွဲပွဲ ထုံးစံအတိုင်း ဥရောပချန်ပီယံလိဂ် ဝင်ခွင့်ရထားတဲ့ ဥရောပဘောလုံးလိဂ်ပြိုင်ပွဲက အသင်းပေါင်း ၃၂ သင်းပါဝင်ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။ လက်ရှိချန်ပီယံ ရီးရဲလ်မက်ဒရစ်က မဲအိုး(၁) မှာ အလိုအလျောက် ပါဝင်နေမှာ ဖြစ်ပြီး အခြားအသင်းကြီးတွေကို ရှောင်လွှဲနိုင်မယ့် အခွင့်အရေး ရှိနေပါတယ်။ ပရီးမီးယားလိဂ် ချန်ပီယံလက်စတာအသင်းက အခြားအမှတ်ပေးချန်ပီယံတွေဖြစ်တဲ့ ဘာစီလိုနာ၊ ဂျူဗင်တပ်၊ ပီအက်စ်ဂျီတို့ကို ရှောင်လွှဲနိုင်မှာဖြစ်ပါတယ်။

play

 

အုပ်စုမဲခွဲပွဲအပြင် ဥရောအကောင်းဆုံး ကစားသမားဆုကိုလည်း တစ်ခါတည်း ကြေငြာမှာဖြစ်ပါတယ်။ မဲအိုး(၂) မှာတော့ မနှစ်က ဘောလုံးရာသီမှာ အဆင့်-၂ ရခဲ့ကြတဲ့အသင်းတွေ ထည့်သွင်းထားမှာပါ။ မြန်မာစံတော်ချိန် ည ၁၀း၃၀ နာရီခန့်မှာ ကျင်းပမှာ ဖြစ်ပါတယ်။

Source : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ