International: လက်စတာ အုပ်စုချောင်ပြီး အာဆင်နယ်နဲ့ မန်စီးတီး ပွဲကျပ်တွေ့တဲ့ ချန်ပီယံလိဂ် အုပ်စုမဲခွဲမှု ရလဒ်

လက်စတာက ပေါ်တို၊ ကလပ်ဘရက်တို့နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

play

 

၂၀၁၆-၁၇ ချန်ပီယံလိဂ် အုပ်စုမဲခွဲမှု အစောပိုင်း ရလဒ်အရ လက်စတာအသင်းက ပေါ်တိုနဲ့ တစ်အုပ်စုတည်း ကျရောက်နေပြီး အာဆင်နယ်အသင်းက ပြင်သစ်လီဂူး ချန်ပီယံ ပီအက်စ်ဂျီနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

play

 

လက်ရှိချန်ပီယံ ရီးရဲလ်မက်ဒရစ်အသင်းက ဂျာမန်ကလပ် ဒေါ့မွန်၊ ပေါ်တူဂီကလပ် စပို့တင်းလစ္စဘွန်းတို့ရဲ့ တစ်အုပ်စုတည်း ကျရောက်လျှက်ရှိပါတယ်။ တစ်ဖက်မှာ အဆင့်-၃ ရခဲ့တဲ့ ပရီးမီးယားလိဂ် ကလပ် စပါး အသင်းက လေဗာကူဆင်၊ စီအက်စ်ကေအေ မော်စကို အသင်းနဲ့ ရင်ဆိုင်ရမှာပါ။

play

 

မနှစ်က ယူရိုပါလိဂ် ချန်ပီယံဖြစ်ခဲ့တဲ့ ဆီဗီးလ်အသင်းက ဂျူဗင်တပ်၊ လီယွန်အသင်းတို့ ကစားရမှာ ဖြစ်ပါတယ်။ ချန်ပီယံလိဂ် အုပ်စုမဲခွဲမှု ရလဒ်

အုပ်စု (A)

ပီအက်စ်ဂျီ

အာဆင်နယ်

ဘေဆယ်

လူဒိုဂိုရက်

 

 

အုပ်စု (B)

ဘင်ဖီကာ

နာပိုလီ

ဒိုင်နမိုကိဗ်

ဘီဆစ်တပ်

 

အုပ်စု (C)

ဘာစီလိုနာ

မန်စီးတီး

မိုချန်ဂလာဘတ်

ဆဲလ်တစ်

 

အုပ်စု (D)

ဘိုင်ယန်မြူးနစ်

အသလက်တီကို

ပီအက်စ်ဗွီ

ရော့စ်တော့

 

အုပ်စု (E)

စီအက်စ်ကေအေ

လေဗာကူဆင်

စပါး

မိုနာကို

 

အုပ်စု (F)

ရီးရဲလ်မက်ဒရစ်

ဒေါ့မွန်

စပို့တင်း

လီဂျီယာဝါဆော

 

အုပ်စု (G)

လက်စတာ

ပေါ်တို

ကလပ်ဘရက်ဂ်

ကိုပင်ဟေဂင်

 

အုပ်စု (H)

ဂျူဗင်တပ်

ဆီဗီးလ်

လီယွန်

ဒီနမို

Source : UEFA

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ