International: ဥရောပအကောင်းဆုံး ဘောလုံးသမားဆု ရော်နယ်ဒို ရရှိ

ရော်နယ်ဒိုအတွက်တော့ ၂၀၁၆ က အောင်မြင်မှုတွေနဲ့ ပြည့်နေတဲ့ နှစ်ဖြစ်ပါတယ်။

play

 

၂၀၁၅-၁၆ ဘောလုံးရာသီအတွက် ချီးမြှင့်တဲ့ အကောင်းဆုံး ဥရောပ ဘောလုံးသမားဆုကို ရီးရဲလ်မက်ဒရစ် အသင်းကစားသမား ရော်နယ်ဒိုက ရရှိသွားခဲ့ပါတယ်။

play

 

မိုနာကိုမှာ ယနေ့ကျင်းပပြုလုပ်ခဲ့တဲ့ ချန်ပီယံလိဂ်၊ အုပ်စုမဲခွဲပွဲမှာ ရော်နယ်ဒိုကို ဒီဆုချီးမြှင့်ခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီအတွက် အကောင်းဆုံး ဥရောပဘောလုံးသမားဆုကို ရွေးချယ်ရာမှာ ရော်နယ်ဒို၊ ဂါရက်ဘေးလ်၊ ဂရိဇ်မန်းတို့ကို ဆန်ခါတင်အဖြစ် ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်နဲ့အတူ ချန်ပီယံလိဂ် အောင်မြင်မှုကိုသာမက ပေါ်တူဂီအသင်းနဲ့အတူ ယူရိုချန်ပီယံဖြစ်အောင်အထိ စွမ်းဆောင်နိုင်ခဲ့တဲ့ ရော်နယ်ဒိုက ဒီဆုကို ရခဲ့တာပါ။

play

 

မနှစ်ကတော့ ဒီဆုကို ဘာစီလိုနာကစားသမား မက်ဆီရရှိခဲ့ပြီး ဒီနှစ်ဆန်ခါတင် နောက်ဆုံးကစားသမား သုံးဦးစာရင်းမှာ မက်ဆီ ပါဝင်မလာခဲ့ပါဘူး။

ဥရောပအကောင်းဆုံး ကစားသမားဆုကို ရော်နယ်ဒို နှစ်ကြိမ်မြောက် ရရှိခဲ့ပြီးနောက် ပြိုင်ဘက်ကစားသမား မက်ဆီနဲ့ စံချိန်တူသွားခဲ့ပြီဖြစ်ပါတယ်။ ၂၀၁၁ မှာစတင်ပေးအပ်ခဲ့တဲ့ ဒီဆုကို နှစ်ကြိမ်ရဖူးတဲ့ ကစားသမားဟာ မက်ဆီနဲ့ ရော်နယ်ဒို နှစ်ဦးတည်းသာ ရှိပါသေးတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ