International: ဖလားမရသေးချိန်တွင် လှောင်ပြောင်ခဲ့သည့် ဂျရတ်ပီကေးကို ရော်နယ်ဒို တုန့်ပြန်

, updated

ရော်နယ်ဒို ချန်ပီယံလိဂ်နဲ့ယူရို ချန်ပီယံမဖြစ်ခင်အချိန်မှာ ဘာစီလိုနာကစားသမား ပီကေးက လှောင်ခဲ့တာဖြစ်ပါတယ်။

play

 

ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဘာစီလိုနာအသင်း အမှတ်ပေးချန်ပီယံ ဖြစ်ပြီးတဲ့နောက် ကစားသမား ဂျရတ်ပီကေးက ပြိုင်ဘက်ရီးရဲလ်မက်ဒရစ်အသင်း ကစားသမားရော်နယ်ဒိုကို ရည်ရွယ်ပြီး လှောင်ပြောင်ခဲ့ဖူးပါတယ်။ ဘာစီလိုနာအသင်းက ဖလားတွေ ရနေချိန်မှာ ရီးရဲလ်မက်ဒရစ်က ဘာဖလားမှ မရသေးတဲ့ အဖြစ်ကိုရည်ရွယ်ပြီး နောက်ခံလူ ပီကေးကလှောင်ပြောင်ခဲ့တာပါ။

play

 

အဲဒီနောက်ပိုင်းမှာ ရော်နယ်ဒိုဟာ ရီးရဲလ်မက်ဒရစ်နဲ့အတူ ချန်ပီယံလိဂ်ဖလား ရခဲ့တဲ့အပြင်၊ ပေါ်တူဂီအသင်းနဲ့လည်း ယူရိုချန်ပီယံ ဖြစ်ခဲ့ပါတယ်။ အခုတစ်ခါ မိုနာကိုမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ဆုပေးပွဲနဲ့ ချန်ပီယံလိဂ် အုပ်စုမဲခွဲပွဲမှာလည်း ရော်နယ်ဒိုက ဥရောပ အကောင်းဆုံး ဘောလုံးသမားဆုကို ရရှိခဲ့ပါသေးတယ်။ ဒါ့အပြင် ရီးရဲလ်မက်ဒရစ်ဟာ အုပ်စုချောင်တဲ့အတွက် ချန်ပီယံလိဂ် ဗိုလ်လုပွဲကို အလွယ်တကူတက်သွားနိုင်ပြီး ချန်ပီယံဖြစ်ခဲ့တာလို့ ပီကေးက ဝေဖန်ထားပါသေးတယ်။

play

 

ဆုပေးပွဲအပြီးမှာ ဂျာနယ်လစ်တစ်ချို့က ရော်နယ်ဒိုကို ပီကေးရဲ့ပြုမူပုံနဲ့ ပတ်သက်ပြီး အခုဘယ်လိုတုန့်ပြန်ချင်လဲလို့ မေးတဲ့အခါ ရော်နယ်ဒိုက အောက်ပါတိုင်း ဖြေကြားခဲ့တာပါ။

play

 

" ကျွန်တော်ဘာပြန်ပြောမလဲ ဆိုတဲ့မေးခွန်းကိုတော့ မဖြေတတ်ပါဘူး။ ဒါပေမဲ့ ပီကေးကို ပြန်ပြောနိုင်တာကတော့ အခု သူကျွန်တော့်ရဲ့ တွစ်တာပို့စ်တွေ လာကြည့်လို့ရပြီဆိုတာပါပဲ။ အရမ်းလှတဲ့ ဓာတ်ပုံနဲ့လေ" ဆိုပြီး ရော်နယ်ဒိုက သူ့ရဲ့အောင်မြင်မှုတွေကို သူ့လူမှုကွန်ရက်အကောင့်မှာ လာကြည့်ဖို့ ပြန်လည်တုန့်ပြန်ခဲ့တာဖြစ်ပါတယ်။

Source : Goal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ