International: ၂၀၂၀ အိုလံပစ် ဆုတံဆိပ်များကို အီလက်ထရောနစ်အမှိုက်ဖြင့် ပြုလုပ်သွားဖွယ်ရှိ

တွင်းထွက်ပစ္စည်းမရှိတဲ့ ဂျပန်နိုင်ငံက တီထွင်ဆန်းသစ်မှုအဖြစ် ယခု အစီအစဉ်ကို ကြံဆလာခဲ့တာ ဖြစ်ပါတယ်။

play


၂၀၂၀ ခုနှစ် တိုကျိုအိုလံပစ်ပြိုင်ပွဲမှာ ပေးအပ်ချီးမြှင့်မယ့် ဆုတံဆိပ်တွေကို အီလက်ထရောနစ် စွန့်ပစ်ပစ္စည်းများမှ ထုတ်ယူရရှိတဲ့ သတ္တုများဖြင့် ပြုလုပ်သွားရန် ဂျပန်အိုလံပစ်ကော်မတီက စီစဉ်နေပါတယ်။ ဂျပန်အိုလံပစ်ကော်မတီက အဆိုပါ အစီအစဉ်ကို အစိုးရတာဝန်ရှိသူတွေနဲ့ ကုမ္ပဏီများထံ တင်ပြခဲ့ကြောင်း ဂျပန်သတင်းများက ဆိုပါတယ်။

play


အိုလံပစ်ပြိုင်ပွဲများ လက်ခံကျင်းပတဲ့ နိုင်ငံများမှာ သတ္တုများ ရရှိနိုင်တဲ့ သတ္တုတွင်းများ ပိုင်ဆိုင်ကြပေမဲ့ တွင်းထွက်ပစ္စည်းမရှိတဲ့ ဂျပန်နိုင်ငံက တီထွင်ဆန်းသစ်မှုအဖြစ် ယခု အစီအစဉ်ကို ကြံဆလာခဲ့တာ ဖြစ်ပါတယ်။

play


နိုင်ငံတကာအိုလံပစ်ကော်မတီက အိုလံပစ်ပြိုင်ပွဲ လက်ခံကျင်းပတဲ့ အိမ်ရှင်နိုင်ငံများ လိုက်နာရမယ့် အဓိက သတ်မှတ်ချက်တွေ ချမှတ်ထားရာမှာ ဆုတံဆိပ်များ မည်သို့ထုတ်လုပ်သင့်ကြောင်းလည်း ပါဝင်ပါတယ်။

play


ဘရာဇီးမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ရီယို ၂၀၁၆ အိုလံပစ် ဆုတံဆိပ်များအနက် ရွှေတံဆိပ်ပြုလုပ်ရာမှာ မာကျူရီမသုံးဘဲ ပြုလုပ်ထားပြီး ငွေတံဆိပ်နဲ့ ကြေးတံဆိပ်တွေကို တစ်ကျော့ပြန် အသုံးပြုနိုင်တဲ့ စွန့်ပစ်ပစ္စည်းရင်းမြစ်များဖြင့် ပြုလုပ်ထားတာ ဖြစ်ပါတယ်။

play


၂၀၂၀ အိုလံပစ်ပြိုင်ပွဲများ လက်ခံကျင်းပမယ့် ဂျပန်နိုင်ငံဟာ အာရှဒေသမှာ အီလက်ထရောနစ် စွန့်ပစ်ပစ္စည်း အများဆုံးနိုင်ငံလည်း ဖြစ်ပါတယ်။ ဂျပန်မှာ အီလက်ထရောနစ်နဲ့ အိမ်အသုံးအဆောင်ပစ္စည်း တန်ချိန်ပေါင်း ၆၅၀,၀၀၀ ကို နှစ်စဉ် စွန့်ပစ်ကြလေ့ရှိကြောင်း Nikkei သတင်းစာက ဖော်ပြပါတယ်။
Source & Photo: Nikkei, BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ