International: ဘောလုံးသမားဘဝ အနားယူမည့်အချိန်ကို ရော်နယ်ဒို ဖွင့်ဟ

ဘောလုံးသမားဘဝက အနားယူမယ့်အချိန်ကို ရော်နယ်ဒိုက ဖွင့်ဟလိုက်ပါတယ်။

play

 

ရီးရဲလ်မက်ဒရစ်အသင်းနဲ့အတူ နောက်ထပ်အောင်မြင်မှုများစွာ ရယူဖို့ နောက်ထပ်နှစ်ပေါင်းများစွာ ဆက်နေချင်သေးတယ်လို့ အသင်းကြယ်ပွင့်ကစားသမား ရော်နယ်ဒိုက ပြောကြားလိုက်ပါတယ်။

၂၀၁၆ ခုနှစ်ဟာ သူ့အတွက် ကလပ်အသင်း၊ နိုင်ငံအသင်းအတွက်သာမက တစ်ဦးချင်းထူးချွန်ဆုပါ ရခဲ့တဲ့အတွက် မမေ့နိုင်စရာ နှစ်ဖြစ်ခဲ့ပြီလို့  ရော်နယ်ဒိုက ပြောပါတယ်။ ပရော်ဖက်ရှင်နယ်ဘောလုံးသမား ဘဝကနေ အသက် ၄၁ နှစ်အရွယ် ရောက်မှသာ အနားယူချင်ကြောင်း ရော်နယ်ဒိုက ဥရောပအကောင်းဆုံး ဘောလုံးသမားဆု ရခဲ့ပြီးနောက် ပြောခဲ့တာဖြစ်ပါတယ်။

play

 

ဘောလုံးသမားဘဝက အနားမယူမချင်းတော့ ရီးရဲလ်မက်ဒရစ်မှာပဲ ဆက်နေချင်တယ်လို့ ဆိုပါတယ်။ " ကျွန်တော့်အသင်းဖော်တွေ အားလုံးကို ကျေးဇူးတင်ရမှာပါ။ ဒီလို အကောင်းဆုံး ပုံစံမျိုးကိုပဲ ကာလကြာရှည် ကျွန်တော်ဆက်ထိန်းထားချင်ပါတယ်။ ဂိုးတွေသွင်းရင်း၊ ဂိုးတွေ ဖန်တီးပေးရင်းပေါ့။ ပေါ်တူဂီအတွက်လည်း ကမ္ဘာ့ဖလား ခြေစစ်ပွဲ ရင်ဆိုင်ချင်ပါသေးတယ်။ ကမ္ဘာ့အပေါ်က အကောင်းဆုံးအသင်းမှာ ကျွန်တော်ကစားနေတာပါ။ ဒီတော့ အသက် ၄၁ နှစ်ရောက်မှ အနားယူချင်ပါတယ်။ စာချုပ်လည်း ဒီမှာပဲ ထပ်တိုးချင်ပါတယ်" လို့ ရော်နယ်ဒိုက ပြောပါတယ်။

Source : 90min

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ