International: ကမ္ဘာ့ဖလား ခြေစစ်ပွဲနွှဲဖို့ မြန်မာကျပ်ငွေ ၁၅ သိန်းတန် ဝတ်စုံနဲ့ လေ့ကျင့်ရေးကွင်း ရောက်လာတဲ့ ပေယက်

ပြင်သစ်အသင်းက အီတလီနဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ရင်ဆိုင်ရမှာပါ။

play

 

ပြင်သစ်အသင်းနဲ့အတူ နိုင်ငံတကာပွဲစဉ် ကစားဖို့ ပြင်သစ်မြေကို ရောက်လာတဲ့ ဝက်စ်ဟမ်းအသင်းကစားသမား ပေယက်ဟာ နာမည်ကျော် ဒီဇိုင်နာ ဖိလစ်ပလိန်းရဲ့ပေါင် ၁၂၀၀ တန်ကြေးရှိတဲ့ ဝတ်စုံကို ဝတ်ဆင်ထားခဲ့ကြောင်း သိရပါတယ်။

play

 

မြန်မာကျပ်ငွေ ၁၅ သိန်းကျော် တန်ဖိုးရှိတဲ့ အဆိုပါဝတ်စုံဟာ အင်္ကျီနဲ့ ဘောင်းဘီ ပုံစံတူ တီထွင်ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး။ အရင်ကထက်ပိုပြီး ဖက်ရှင်ပိုကျလာတဲ့ ပေယက်က လက်ထဲမှာ ပေါင် ၄၀၀ လောက်တန်တဲ့ ပိုက်ဆံအိတ်ကိုလည်း ကိုင်ဆောင်ထားပါသေးတယ်။

play

 

ဝက်စ်ဟမ်အသင်း ကစားသမား ပေယက်တစ်ဦးတည်းသာ ဒီလိုဖက်ရှင်ကျကျနဲ့ ပြင်သစ်ကို ရောက်လာတာမဟုတ်ဘဲ အခြား ပြင်သစ်လက်ရွေစင် ကစားသမားတွေဖြစ်တဲ့ ပေါ့ဂ်ဘာ၊ မာရှယ်၊ ဂျီရုဒ်တို့လည်း ဖက်ရှင်ကျကျ အဝတ်အစားတွေနဲ့ ရောက်လာခဲ့ကြကြောင်း ဒေးလီးမေးလ်သတင်းစာ ကဖော်ပြပါတယ်။

play

 

ကစားသမားတွေအားလုံးက ဖက်ရှင်ကျနေလို့ ပြင်သစ်ဖက်ရှင်ပွဲတော်လို့တောင်မှတ်ယူရတယ်လို့ မီဒီယာတွေက ရေးသားကြပါတယ်။ ပြင်သစ်အသင်းဟာ အီတလီနဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ကစားရမှာ ဖြစ်ပါတယ်။

Source ; The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ