International: ဂျာမနီ ကစားသမား ဘဝကို မျက်ရည်များဖြင့် ရှဝိန်းစတိုင်ဂါ အဆုံးသတ်

ဂျာမနီအသင်းအတွက် စုစုပေါင်း ၁၂၁ ပွဲကစားပေးခဲ့သူ ဖြစ်ပါတယ်။

play

 

မန်ယူအသင်းရဲ့ ဂျာမန်လက်ရွေးစင်ကစားသမား ရှဝိန်းစတိုင်ဂါဟာ သူ့အတွက် လက်ရွေးစင် ကစားသမား ဘဝ နောက်ဆုံးပွဲစဉ်ကို ဖင်လန်အသင်းနဲ့ ပွဲစဉ်မှာ ပါဝင်ကစားပြီး အဆုံးသတ်လိုက်ပြီဖြစ်ပါတယ်။

play

 

ဂျာမနီက ဖင်လန်အသင်းကို ၂-၀ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ခြေစမ်းပွဲစဉ်မှာ ရှဝိန်းစတိုင်ဂါက ပါဝင်ကစားခဲ့တာဖြစ်ပါတယ်။ ၂၀၀၄ ခုနှစ်မှာ ဂျာမနီအသင်းအတွက် စတင်ပွဲထွက်ကစားခဲ့တဲ့ ကွင်းလယ်ကစားသမား ရှဝိန်းစတိုင်ဂါဟာ စုစုပေါင်းလက်ရွေးစင်ပွဲ ၁၂၁ ပွဲကစားခဲ့ပြီး ၂၄ ဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။

play

 

ပွဲပြီးဆုံးသွားချိန်မှာ ရှဝိန်းတိုင်ဂါက ပရိသတ်ကို နှုတ်ဆက်ခဲ့ပြီး ငိုကြွေးခဲ့ပါသေးတယ်။ " ဒီနေ့ခင်ဗျားတို့အားလုံး ဒီမှာရှိနေတာ ကျွန်တော့်အတွက် အများကြီး အဓိပ္ပာယ်ရှိပါတယ်။ ပရိသတ်တွေအတွက် ကစားပေးခွင့်ရတာ ကျွန်တော့်ကို ဂုဏ်ပြုတာပါပဲ" လို့ ရှဝိန်းစတိုင်ဂါက ပြောပါတယ်။

play

Source : BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ