International: စကားတစ်ခွန်းကြောင့် ဘောလုံးသမားဘဝ အဆုံးသတ်ရဖွယ် ရှိနေသည့် ဟုပ်ဆိုလို

, updated

ပြိုင်ဘက်အသင်းကို ဝေဖန်ခဲ့မိရာက အစပြုပါတယ်။

play

 

အိုလံပစ်ပြိုင်ပွဲမှာ ပြိုင်ဘက်အသင်းကို ပရော်ဖက်ရှင်နယ်မပီသစွာ ဝေဖန်ခဲ့မှုကြောင့် အမေရိကန်လက်ရွေးစင်အသင်းနဲ့ ကစားခွင့် ခြောက်လအပိတ်ခံလိုက်ရတဲ့ ဂိုးသမား ဟုပ်ဆိုလိုက ကလပ်အသင်းပြိုင်ပွဲကိုလည်း မကစားချင်တော့ဘူးလို့ ဆိုပါတယ်။

play

 

အမေရိကန်အမျိုးသမီး ဘောလုံးအသင်းဟာ အိုလံပစ်ပြိုင်ပွဲ ကွာတားဖိုင်နယ်မှာ ဆွီဒင်အသင်းကို ရှုံးနိမ့်ပြီးနောက် ဂိုးသမား ဟုပ်ဆိုလိုက ပြိုင်ဘက်အသင်းကို သွေးကြောင်ပြီးသတ္တိမရှိတဲ့အသင်းလို့ ဝေဖန်ခဲ့တာပါ။ အဲဒီအတွက် လက်ရွေးစင်အသင်းက အပြစ်ပေးတဲ့အနေနဲ့ ခြောက်လပွဲပယ်ပြစ်ဒဏ်ချမှတ်ခဲ့တာပါ။

" ကျွန်မရဲ့ ခန္ဓာကိုယ်ကတော့ အမြဲတမ်း ဘောလုံးကစားချင်နေတာပါ။ ဒါပေမဲ့၊ အခု ကျွန်မရဲ့စိတ်အခြေအနေက ကစားဖို့ အဆင်သင့်မဖြစ်သေးပါဘူး။ ဒီတစ်ရာသီကို ဘောလုံးမကစားဖို့ ကျွန်မသေချာစဉ်းစားပြီး ဆုံးဖြတ်လိုက်ပါတယ်" လို့ ဟုပ်ဆိုလိုက ပြောခဲ့ပါတယ်။ ဒီမတိုင်ခင်မှာ သူမပေါက်ကွဲပြီး ငိုကြွေးနေတဲ့ ဗီဒီယိုဖိုင်လည်း ထွက်ပေါ်လာခဲ့ပါသေးတယ်။

play

 

အသက် ၃၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဂိုးသမားဟုပ်ဆိုလိုဟာ ဒီရာသီပြီးရင် ဘောလုံးသမားဘဝကို ကျောခိုင်းဖွယ်ရှိတယ်လို့လည်း ခန့်မှန်းချက်တွေ ရှိနေပါတယ်။

Source  : the guardian

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ