International: နေမာရဲ့ အဖွင့်ဂိုးကြောင့် ဘရာဇီး ကမ္ဘာ့ဖလားခြေစစ်ပွဲ ဂိုးပြတ်အနိုင်ရ

နေမာက ဘရာဇီးအတွက် အဖွင့်ဂိုး သွင်းယူပေးခဲ့ပါတယ်။

play

 

တောင်အမေရိကဇုန် ခြေစစ်ပွဲရဲ့ ခုပွဲမြောက် ပွဲစဉ်မှာ ဘရာဇီးအသင်းက နေမာရဲ့ ခြေစွမ်းပြမှုနဲ့အတူ အီကွေဒေါကို အနိုင်ရရှိခဲ့ကြောင်း သိရပါတယ်။

play

 

အိမ်ရှင်အီကွေဒေါအသင်းဘက်ကို ဘရာဇီးအသင်းက ဂိုးရဖို့ ခက်ခဲနေခဲ့ပြီး ဒုတိယပိုင်းမှသာ ဂိုးတွေရခဲ့တာဖြစ်ပါတယ်။ ဘရာဇီးကို အိုလံပစ်ရွှေတံဆိပ်ရယူပေးထားတဲ့ နေမာနဲ့အတူ ဂျီးဆက်ကလည်း အသင်းအတွက် အနိုင်သေချာမယ့် ဂိုးနှစ်ဂိုးကို ပွဲပြီးခါနီးမှာ သွင်းယူခဲ့တာဖြစ်ပါတယ်။

play

 

၇၂ မိနစ်မှာ ရတဲ့ပင်နယ်တီကတဆင့် နေမာက အဖွင့်ဂိုး သွင်းယူခဲ့တာဖြစ်ပြီး သိပ်မကြာခင်မှာပဲ အိမ်ရှင်အီကွေဒေါဘက်က ကားလို့စ်ပါရီဒက်စ်အထုတ်ခံခဲ့ရပါတယ်။ အဲဒီနောက် ဘရာဇီး ဂိုးရဖို့ ပိုမိုလွယ်ကူသွားခဲ့ပြီး ၈၇ မိနစ်မှာ ဂါဘရီရယ်ဂျီးဆက်ရဲ့ ဂိုးကြောင့် ဘရာဇီး ဒုတိယဂိုး ထပ်ရခဲ့ပါတယ်။ နာကျင်အချိန်ပိုမှာ ဂျီးဆက်ကပဲ တစ်ဂိုးထပ်သွင်းခဲ့ပါတယ်။

play

 

ဒီနိုင်ပွဲကြောင့် ဘရာဇီးအသင်းဟာ တောင်အမေရိက ကမ္ဘာ့ဖလား ခြေစစ်ပွဲဇုန်မှာ အဆင့်-၅ နေရာတက်လှမ်းလာနိုင်ခဲ့ပါတယ်။

play

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ