International: ဖီဖာဗီဒီယိုဂိမ်းအသစ်မှာ မက်ဆီက အကောင်းဆုံးဘောလုံးသမား မဟုတ်တော့

, updated

ဘောလုံးဗီဒီယိုဂိမ်းအသစ်ဖြစ်တဲ့ FIFA-17 ကို စက်တင်ဘာလအတွင်း ဖြန့်ချိမှာ ဖြစ်ပါတယ်။

play

 

ဘောလုံးဗီဒီယိုဂိမ်းသမားတွေအတွက် မကြာခင်ထုတ်လုပ်ဖြန့်ချိတော့မယ့် ဖီဖာ-၁၇ ဗားရှင်းမှာ ဘာစီလိုနာ ကစားသမား မက်ဆီက အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခံရခြင်းမရှိတော့ကြောင်း သိရပါတယ်။

play

 

ကစားသမားတွေရဲ့ အဆင့်သတ်မှတ်ချက်ကို ဗီဒီယိုဂိမ်း အင်ဂျင်နီယာတွေက ထည့်သွင်းပေးထားရာမှာ စွမ်းဆောင်ရည် အမြင့်ဆုံး ကစားသမားအဖြစ် ရီးရဲလ်မက်ဒရစ်ကစားသမား ရော်နယ်ဒိုကို သတ်မှတ်ပေးထားပါတယ်။ ပြီးခဲ့တဲ့နှစ်တွေအတွင်း မက်ဆီက အကောင်းဆုံးဘောလုံးသမားအဖြစ် ဒီဗီဒီယိုဂိမ်းထဲမှာ သတ်မှတ်ခံရပေမဲ့ ၂၀၁၆ ခုနှစ်မှာ ရခဲ့တဲ့ ရော်နယ်ဒိုရဲ့ အောင်မြင်မှုတွေကြောင့် အခုလို ပြောင်းလဲသတ်မှတ်လိုက်တာပါ။

play
play

 

မက်ဆီရဲ့ ရော်နယ်ဒိုပြီးရင် နေမာ၊ ဆွာရက်ဇ်တို့အပြင် ဘိုင်ယန်မြူးနစ်ဂိုးသမား နူအာတို့က အစဉ်လိုက်ရပ်တည်လျက်ရှိပါတယ်။ ဂါရက်ဘေးလ်၊ အီဗရာဟီမိုဗစ်ခ်ျ၊ ဘိုတန်း၊ လီဝမ်ဒေါစကီးနဲ့ ဒီဂီယာတို့လည်း စွမ်းဆောင်ရည်အကောင်းဆုံး ဘောလုံးသမား ၁၀ ဦးအဖြစ် ပါဝင်ထားကြပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ