International: နေမာဟန်ဆောင်ကာ အမျိုးသမီးများကို အွန်လိုင်းမှ ဖြားယောင်းခဲ့သည့် အမျိုးသား အဖမ်းခံရ

, updated

အွန်လိုင်းကတစ်ဆင့် ငယ်ရွယ်သူ အမျိုးသမီးတွေကို နာမည်ကျော်တွေရဲ့ ပရိုဖိုင်အတုလုပ်ပြီး ဆက်သွယ်နေခဲ့သူဖြစ်ပါတယ်။

play

 

ဘရာဇီးဘောလုံးသမား နေမာအပါအဝင် နာမည်ကျော်ပုဂ္ဂိုလ်တွေအဖြစ် ဟန်ဆောင်ကာ အမျိုးသမီးတွေထံ အီးမေးလ်တွေ ပို့လေ့ရှိတဲ့ အမျိုးသားတစ်ဦးကိုဘရာဇီးမှာ ဖမ်းဆီးရမိလိုက်ပြီလို့ သိရပါတယ်။ သူနဲ့အတူ နောက်ထပ်အပေါင်းအပါတစ်ဦးကိုတော့ ထပ်မံ ရှာဖွေနေဆဲဖြစ်ပါတယ်။

play

 

အဆိုပါအမျိုးသားနှစ်ဦးဟာ ပရော်ဖက်ရှင်နယ် ဓာတ်ပုံဆရာတွေဖြစ်ကြပေမဲ့ လူမှုကွန်ရက်တွေမှာ နာမည်ကျော်တွေရဲ့ ပရိုဖိုင်တွေကို ပုံစံတူကူးချပြီး ဟန်ဆောင်ကာ အမျိုးသမီးတွေထံ ဆက်သွယ်လေ့ရှိသူတွေဖြစ်ပါတယ်။ အထူးသဖြင့် အမျိုးသမီးငယ်တွေထံ ရည်ရွယ်ချဉ်းကပ်ပြီး နာမည်ကျော်မဂ္ဂဇင်းတွေ၊ ရုပ်သံတွေမှာ ပါဝင်ရအောင်လုပ်ပေးမယ်လို့ ဆွဲဆောင်လေ့ ရှိပါတယ်။

play

 

နေမာအပါအဝင် နာမည်ကျော်အချို့ရဲ့ ရုပ်ပုံတွေ၊ ပုဂ္ဂိုလ်ရေးအချက်အလက်တွေသုံးကာ မဖွယ်မရာပုံမျိုးတွေလည်း ပို့လေ့ရှိတယ်လို့ သိရပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ