International: နာကျင်အချိန်ပို သွင်းဂိုးကြောင့် ကမ္ဘာ့ဖလား ခြေစစ်ပွဲ အင်္ဂလန် အနိုင်ရ

ကမ္ဘာ့ဖလား ဥရောပဇုန်ခြေစစ်ပွဲမှာ အင်္ဂလန်အသင်းအတွက် အဖွင့်လှခဲ့ပါတယ်။

play

 

ဆလိုဗက်ကီးအသင်းနဲ့ ကစားခဲ့တဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်မှာ အင်္ဂလန်အသင်းက လယ်လာနာရဲ့ တစ်လုံးတည်းသော နောက်ကျ အနိုင်ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

play

 

ဆလိုဗက်ကီးယားအသင်းဘက်က နောက်ခံလူ စကာတယ် ထွက်သွားခဲ့ရလို့ အင်္ဂလန်ဘက်က တစ်ယောက်အသာစီးနဲ့ ကစားခဲ့ရပေယ့် နာကျင်အချိန်ပို ရောက်မှသာ မထင်မှတ်တဲ့ အနိုင်ဂိုးကို ရရှိခဲ့တာဖြစ်ပါတယ်။ ဒီနေ့ပွဲစဉ်မှာ အင်္ဂလန်အသင်းရဲ့ ကစားပုံဟာ မကောင်းမွန်ခဲ့တဲ့အတွက် ဒုတိယပိုင်း ရောက်မှသာ အင်္ဂလန်ဘက်က ဆလိုဗက်ကီးယားကို ဂိုးပေါက်ခြိမ်းခြောက်မှုတွေ ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

play

 

အင်္ဂလန်တိုက်စစ်မှူး ဟယ်ရီကိန်းကို ဥပဒေပ ကစားမှုတွေ ဆက်တိုက်ပြုလုပ်ခဲ့တဲ့ ဆလိုဗက်ကီးယားနောက်ခံလူ စကာတယ် ၅၇ မိနစ်မှာ အထုတ်ခံလိုက်ရတာဖြစ်ပါတယ်။ မိနစ်ကိုးဆယ် ပြည့်တဲ့အချိန်မှာ ဒိုင်လူကြီးက အချိန်ပို ငါးမိနစ် ပေးခဲ့တာပါ။

play

 

စတာလင် ပေးပို့လိုက်တဲ့ ဘောလုံးကို ဆလိုဗက်ကီးယားနောက်ခံလူ ဖျက်ထုတ်ရာမှာ လယ်လာနာ ခြေထောက်ထဲ ရောက်သွားပြီး လယ်လာနာက ကန်သွင်းယူလိုက်တာဖြစ်ပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ