International: ရော်နယ်ဒင်ဟိုကို ကလပ်အသင်းသံတမန်အဖြစ် ဘာစီလိုနာ ခန့်အပ်

, updated

ရော်နယ်ဒင်ဟိုဟာ ဘာစီလိုနာနဲ့အတူ ၂၀၀၃ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိ အလွန်အောင်မြင်တဲ့ ဘောလုံးကစာသမားဘဝကို ဖြတ်သန်းခဲ့ဖူးသူ ဖြစ်ပါတယ်။

  play


ဘရာဇီးဂန္တဝင်ဘောလုံးသမား ရော်နယ်ဒင်ဟိုကို ဘာစီလိုနာက အသင်းရဲ့သံတမန်အဖြစ် ခန့်အပ်ကာ နူးကမ့်ကို ပြန်လည်ခေါ်ယူလိုက်ပါတယ်။ ရော်နယ်ဒင်ဟိုဟာ ဘာစီလိုနာနဲ့အတူ ၂၀၀၃ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိ အလွန်အောင်မြင်တဲ့ ဘောလုံးကစာသမားဘဝကို ဖြတ်သန်းခဲ့ဖူးသူ ဖြစ်ပါတယ်။

play


ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုကိုလည်း ရရှိထားခဲ့သူ ရော်နယ်ဒင်ဟိုက ကစားသမားဘဝမှ အနားယူထားသူဖြစ်ပြီး ယခုအခါမှာတော့ ဘာစီလိုနာအသင်းကို နိုင်ငံတကာမှာ ပိုမိုရေပန်းစား ပရိသတ်များလာရန် အစီအစဉ်မှာ ၎င်း ပါဝင်လာမှာ ဖြစ်ပါတယ်။

ဘာစီလိုနာက အမေရိကန်နိုင်ငံ နယူးယော့ခ်မြို့မှာလည်း အသင်းရဲ့ရုံးခန်းကို ဖွင့်လှစ်သွားမယ်လို့ ဆိုပါတယ်။ အသက် ၃၆ နှစ်အရွယ် ရောနယ်ဒင်ဟိုဟာ စပိန်မှာကစားနေစဉ် ဖီဖာရဲ့ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားအဖြစ် နှစ်ကြိမ်ရွေးချယ်ခံခဲ့ပါတယ်။

ကွင်းလယ်တိုက်စစ်နဲ့ တိုက်စစ်နေရာက အကောင်းဆုံးကစားနိုင်သူ ရော်နယ်ဒင်ဟိုဟာ ဘာစီလိုနာကနေ အေစီမီလန်ကို ပြောင်းရွှေ့ခဲ့ပါတယ်။ ရော်နယ်ဒင်ဟိုက ဘာစီလိုနာနဲ့အတူ စပိန်လာလီဂါဖလားကို နှစ်ကြိမ်ရရှိခဲ့ပြီး ယူအီးအက်ဖ်အေ ချန်ပီယံလိဂ်ဆုဖလားကို တစ်ကြိမ်ရရှိခဲ့ပါတယ်။
Source & Photo:

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ