International: ယနေ့ည ကစားမည့် ကမ္ဘာ့ဖလား ခြေစစ်ပွဲ လုပ်ပွဲကစားရန် ကမ်းလှမ်းခံခဲ့ရ

ကမ်းလှမ်းခံရတဲ့ အယ်လ်ဆာဗေဒိုးအသင်းကတော့ ကမ်းလှမ်းမှုကို ငြင်းပယ်ထားကြောင်း သိရပါတယ်။

play

 

ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ လုပ်ပွဲကစားဖို့ ကမ်းလှမ်းလာမှုကို ဗဟိုအမေရိကနိုင်ငံတစ်ခုဖြစ်တဲ့ အယ်လ်ဆာဗေဒိုးအသင်းက ငြင်းဆန်လိုက်တယ်လို့ သိရပါတယ်။  ၂၀၁၈ ရုရှားကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ခြေစစ်ပွဲကို လုပ်ပွဲကစားဖို့ ကမ်းလှမ်းလာခဲ့တဖြစ်ပါတယ်။

play

 

အယ်လ်ဆာဗေဒိုးအသင်းက ယနေ့ညမှာ အုပ်စုတွင်းပြိုင်ဘက် ကနေဒါနဲ့ နောက်ဆုံးပွဲစဉ်ကို ကစားရမှာဖြစ်ပါတယ်။ နှစ်မှတ်ပဲ ရထားသေးတဲ့ အယ်လ်ဆာဗေဒိုးအသင်းက ခြေစစ်ပွဲအောင်ဖို့ မဖြစ်နိုင်တော့ပဲ ကနေဒါအသင်းကတော့ ခြေစစ်ပွဲအောင်ဖို့ မျှော်လင့်ချက် ရှိနေပါသေးတယ်။ အုပ်စုပထမနေရာက မက္ကဆီကိုအသင်းက ဒုတိယနေရာက ဟွန်ဒူးရပ်စ်ကို အနိုင်ရမယ်ဆိုရင် ကနေဒါအသင်းက ခြေစစ်ပွဲအောင်ဖို့ မျှော်လင့်ချက် ရှိလာမှာပါ။

play

 

အယ်လ်ဆာဗေဒိုးအသင်း တာဝန်ရှိသူတစ်ဦးကို တစ်စုံတစ်ယောက်က လုပ်ပွဲအတွက်ကမ်းလှမ်းနေတဲ့ အသံဖိုင်တစ်ခု ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ အခြားသတင်းတွေအရတော့ လုပ်ပွဲကစားဖို့ အယ်လ်ဆာဗေဒိုးလုပ်ငန်းရှင်တစ်ဦးက ညှိနှိုင်းခဲ့တာလို့ သိရပါတယ်။

Source : BBC/ The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ