International: ဘောလုံးပွဲ ကစားသည့်နေတွင် နေမာဝတ်ဆင်သည့် ပစ္စည်းများက ကျပ်သိန်း ၄၀ ခန့် တန်ဖိုးရှိ

ဘောလုံးပွဲ ရှိတဲ့နေ့တွေမှာ ဘာစီလိုနာကစားသမားနေမာအတွက် ဒီလေးမျိုးက မရှိမဖြစ် ပစ္စည်းတွေ ဖြစ်ပါတယ်။

play

 

ဘာစီလိုနာနဲ့ ဘရာဇီးကြယ်ပွင့်ကစားသမား နေမာက ဘောလုံးပွဲတစ်ပွဲ ကစားခါနီးတိုင်း သူ့အတွက် မရှိမဖြစ် ပစ္စည်းတွေကို လူမှုကွန်ယက်ကတဆင့် မျှဝေလိုက်ပါတယ်။

ဘောလုံးပွဲရှိတဲ့နေ့တွေမှာ နေမာ့အတွက် မရှိမဖြစ် ပစ္စည်းတွေ စုစုပေါင်း တန်ဖိုးဟာ စတာလင်ပေါင် ၂၅၀၀ လောက်ရှိတယ်လို့ သိရပါတယ်။ ဒါဟာ မြန်မာကျပ်ငွေနဲ့ဆိုရင် သိန်းလေးဆယ်လောက်ရှိတဲ့ ပမာဏပါ။ ပွဲကစားမယ့်နေ့တွေအတွက် မရှိမဖြစ် ပစ္စည်းဟာ လေးမျိုးရှိတယ်လို့ သိရပါတယ်။ နေမာစီးတဲ့ Nike Hypervenom Phinish II FG လို့ ခေါ်တဲ့ ဖိနပ်က စုစုပေါင်း စတာလင်ပေါင် ၁၅၀ လောက်တန်ကြေးရှိပါတယ်။

play

 

Nike Odem 3 CBF Campo football ဆိုတဲ့ Nike ကုမ္ပဏီထုတ် ဘောလုံးကတော့ စတာလင်ပေါင် ၁၁၅ ရှိပါတယ်။ ဒီနှစ်ပရီးမီးယားလိဂ်မှာ အသုံးပြုနေတဲ့ဘောလုံးမျိုးပါ။ ဘောလုံးကွင်းကိုလာတဲ့အခါ သီချင်းနားထောင်ဖို့အတွက် Beat By Dre နားကြပ်ကတော့ ပေါင် ၁၆၉ ရှိတယ်လို့ သိရပါတယ်။

play

 

ဈေးအကြီးဆုံးကတော့ သူ့ရဲ့လက်ပတ်နာရီဖြစ်ပါတယ်။ နေမာရဲ့ လက်ပတ်နာရီက စုစုပေါင်း စတာလင်ပေါင် ၁၉၀၀ လောက်တန်ကြေးရှိတဲ့ Gaga Milano အမျိုးအစားဖြစ်ပါတယ်။ အားလုံးပေါင်းရင်ငတော့ ပေါင် ၂၅၀၀ ဝန်းကျင်ရှိမှာ ဖြစ်ပါတယ်။

Source : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ