International: ငယ်ဘဝကစားခဲ့သည့် အသင်းကို ပြန်လည်ပြောင်းရွှေ့ချင်ဟု မက်ဆီဝန်ခံ

မက်ဆီဟာ ၁၃ နှစ်အရွယ်မှာ ဘာစီလိုနာကို ရောက်ခဲ့သူ ဖြစ်ပါတယ်။

play

 

တစ်ချိန်မှာ ဘာစီလိုနာအသင်းက ထွက်ခွာပြီး ငယ်ဘဝတုန်းက ကစားခဲ့တဲ့ အသင်းကို ပြောင်းရွှေ့ချင်တယ်လို့ မက်ဆီက ဝန်ခံပြောကြားလိုက်ပါတယ်။ မက်ဆီရဲ့ ငယ်ဘဝအသင်းဟာ အာဂျင်တီးနားက နယူးဝဲလ်အိုးဘွိုင်းအသင်းဖြစ်ပါတယ်။

play

 

ငယ်စဉ်အခါမှာ နယူးဝဲလ်အသင်းနဲ့ ကစားခဲ့ပြီးနောက် နာမည်ကျော်လာခဲ့တဲ့ မက်ဆီကို ၂၀၀၀ ခုနှစ်မှာ ဘာစီလိုနာအသင်းက ခေါ်ယူခဲ့တာဖြစ်ပြီး အဲဒီအချိန်မှာ အသက် ၁၃ နှစ်ရှိနေပြီဖြစ်ပါတယ်။ ဘာစီလိုနာအသင်းက မက်ဆီကို ပရောက်ဖက်ရှင်နယ်ကစားသမားဘဝ တစ်သက်တာ စာချုပ်ချုပ်ဆိုချင်ပေမယ့် အနားယူခါနီးအချိန်မှာ မက်ဆီက အသင်းဟောင်းထံပြန်ပြီး ကစားဖွယ် ရှိနေပါတယ်။

play

 

" ကျွန်တော်ကြီးပြင်းလာခဲ့တဲ့ အသင်းကို ပြန်ချင်တာပေါ့ဗျာ။ ကျွန်တော့် အာရုံထဲမှာ အမြဲရှိနေတဲ့ အသင်းပေါ့။ နယူးဝဲလ်အသင်းမှာနေပြီး အာဂျင်တီးနား ဘောလုံးလောကထဲမှာ ကစားရတာကို ကျွန်တော်သဘောကျပါတယ်" လို့ မက်ဆီက ပြောပါတယ်။ နယူးဝဲလ်ဘောလုံးအသင်း ဥက္ကဌကလည်း မက်ဆီကိုပြန်ပြီး ခေါ်လို့ရရင် ခေါ်ချင်တယ်လို့ ပြောထားဖူးပါတယ်။

Source : 90min

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ