International: နေမာ၏ အနိုင်ဂိုးဖြင့် ဘရာဇီးအနိုင်ရသော်လည်း မက်ဆီမပါသည့် အာဂျင်တီးနား သရေသာရ

မက်ဆီမပါဝင်နိုင်တဲ့အခါ အာဂျင်တီးနား အနိုင်ရဖို့ ရုန်းကန်ရလေ့ရှိတယ်ဆိုတာ ဒီပွဲက သက်သေပြနေပါတယ်။

play

 

ကမ္ဘာ့ဖလား ခြေစစ်ပွဲ ကွန်ကာကပ်ဖ်အုပ်စုရဲ့ ပွဲစဉ် ၈ ပွဲမြောက်မှာလည်း ဘရာဇီးအသင်းက ပြိုင်ဘက် ကိုလံဘီယာအသင်းကို ၂-၁ ဂိုးနဲ့ အနိုင်ယူခဲ့ပြန်ပါတယ်။ ဒီပွဲမှာလည်း ဘရာဇျေး နေမာခြေစွမ်းပြခဲ့ပြီး အသင်းအတွက် အဖိုးတန် အနိုင်ဂိုးကို ပွဲချိန် ၇၄ မိနစ်မှာ သွင်းယူနိုင်ခဲ့ပါတယ်။

play

 

ဘရာဇီးအသင်းက ပွဲချိန် ၂ မိနစ်အရောက်မှာတင် မီရန်ဒါက ထောင့်ကန်ဘောကို ခေါင်းတိုက်လိုက်လို့ အဖွင့်ဂိုး ရခဲ့ပါတယ်။ ပွဲချိန် ၃၆ မိနစ်မှာ မာကွင်ဟိုက ကိုယ့်ဂိုးကိုယ် သွင်းမိသလိုဖြစ်လို့ ဘရာဇီး ရုန်းကန်ခဲ့ရပေမယ့် ၇၄ မိနစ်မှာ နေမာက အနိုင်ဂိုးသွင်းပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ဒီနိုင်ပွဲကြောင့် ဘရာဇီးအသင်းဟာ ခြေစစ်ပွဲအုပ်စုအတွင်း ဒုတိယနေရာကိုတက်လှမ်းလာနိုင်ခဲ့ပြီဖြစ်ပါတယ်။

play

 

တစ်ဖက်မှာ မက်ဆီမပါဝင်တဲ့ အာဂျင်တီးနားအသင်းကတော့ ဗင်နီဇွဲလားကို ၂-၂ ဂိုးသရေသာ ကစားနိုင်ခဲ့ပါတယ်။ ဗင်နီဇွဲလားက ပထပမပိုင်းမှာ ဦးဆောင်ဂိုး နှစ်ဂိုးအရင်သွင်းခဲ့တာဖြစ်ပြီး အာဂျင်တီးနားက ဒုတိပိုင်းမှာ ချေပဂိုးတွေ ပြန်လိုက်သွင်းခဲ့ရတာဖြစ်ပါတယ်။

play

 

မက်ဆီမပါတဲ့ပွဲစဉ်တွေမှာ အာဂျင်တီးနားအသင်းဟာ ရလဒ်ကောင်းဖို့ ရုန်းကန်ရလေ့ရှိတယ်ဆိုတာကို ဒီပွဲက သက်သေပြသွားပါတယ်။ ၂၀၁၈ ကမ္ဘာ့ဖလား ခြေစစ်ပွဲကာလအတွင်း မက်ဆီမပါဝင်တဲ့ ငါးပွဲမှာ အာဂျင်တီးနားဟာ ခြောက်မှတ်သာ ရရှိထားတာကိုလည်း တွေ့ရပါတယ်။

Source : Goal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ