International: ဘာစီလိုနာ ရောက်လာတော့မည့် မက်ဆီ၏သား ဒီယေဂိုမက်ဆီ

ဘာစီလိုနာ ဘောလုံးအကယ်ဒမီကို တက်ရောက်သင်ကြားမှာ ဖြစ်ပါတယ်။

 

ဘာစီလိုနာအသင်း ကြယ်ပွင့်ကစားသမား မက်ဆီရဲ့ သားဖြစ်သူ သီယေဂိုမက်ဆီဟာ ဘာစီလိုနာအသင်းကို ရောက်ရှိလာတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။

ဘာစီလိုနာအသင်းက ပထမဆုံးအကြိမ် စမ်းသပ်ဖွင့်လှစ်မယ့် အသက် ၆ နှစ်အောက်ကလေးများ ဘောလုံးအကယ်ဒမီ သင်တန်းကျောင်းမှာ မက်ဆီရဲ့ သားဖြစ်သူက တက်ရောက်သင်ကြားမှာ ဖြစ်ပါတယ်။ အခုမှ စတင်ဖွင့်လှစ်တာဖြစ်တဲ့အတွက် အဆိုပါသင်တန်းကျောင်းဟာ ဘာစီလိုအာသင်း ကစားသမားတွေရဲ့ သားသမီးတွေသာ အများစု တက်ရောက်ကြမှာ ဖြစ်ပါတယ်။ FCBEscola လို့အမည်ပေးထားတဲ့ သင်တန်းကျောင်းမှာ တက်ရောက်မယ့် မက်ဆီရဲ့ သားသီယေဂိုဟာ လာမယ့်အောက်တိုဘာလ ရောက်မှ လေးနှစ်ပြည့်မှာပါ။

 

ဒါပေမယ့် အခုချိန်ထိ သီယေဂိုဟာ ဘောလုံးအားကစားကို သိပ်စိတ်ဝင်စားပုံမရသေးဘူးလို့ မက်ဆီကိုယ်တိုင် ဝန်ခံထားပါတယ်။ ဒါပေမယ့် ဘောလုံးသမားဖြစ်လာဖို့ မျှော်လင့်ချက်တော့ ရှိသေးတယ်လို့ မက်ဆီက ပြောပါတယ်။

Source : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ