International: ရော်နယ်ဒိုရဲ့ လူသိနည်းတဲ့ အချစ်ဆုံးသူငယ်ချင်း တစ်ယောက်အကြောင်း

ရော်နယ်ဒိုဆီမှာ ၁၃ နှစ်ကြာ ပေါင်းသင်းဆက်ဆံလာတဲ့ အချစ်ဆုံးသူငယ်ချင်း တစ်ယောက်ရှိပါတယ်။

play

 

လက်ရှိကမ္ဘာ့ဘောလုံးလောကရဲ့ အကောင်းဆုံးကစားသမားတစ်ဦးတွေထဲက တစ်ဦးဖြစ်တဲ့ရော်နယ်ဒိုဆီမှာ ၁၃ နှစ်ကြာ ပေါင်းသင်းလာတဲ့ သူငယ်ချင်းမိတ်ဆွေတစ်ဦးရှိပါတယ်။

play

 

မွေးချင်းညီအစ်ကိုမရှိတဲ့ ရော်နယ်ဒိုအတွက်တော့ ဒီမိတ်ဆွေဟာ သူ့အတွက်ညီအစ်ကိုရင်းတမျှ ချစ်ခင်ရတဲ့ သူတစ်ယောက်ဖြစ်တယ်လို့ ဗြိတိန်မီဒီယာတွေက ရေးသားဖော်ပြကြပါတယ်။ ရော်နယ်ဒိုတစ်ယောက် ကမ္ဘာ့ဘောလုံးစင်မြင့်ထက်ကို ရောက်မလာသေးခင် အချိန်ကတည်းက သူတို့နှစ်ဦးဟာ ခင်မင်းရင်းနှီးခဲ့ကြတာပါ။ အဆိုပါ အမျိုးသားဟာ ရော်နယ်ဒိုရဲ့ ဓာတ်ပုံတွေထဲမှာ မကြာခဏ ပါဝင်လေ့ရှိပြီး ရစ်ကီရီဂတ်ဖ်လို့ အမည်ရပါတယ်။

play

 

ရစ်ကီဟာ ရော်နယ်ဒိုအတွက် မိသားစုဝင်တစ်ယောက်လို ယုံကြည်စိတ်ချရတဲ့သူဖြစ်ပါတယ်။ ရော်နယ်ဒိုအကြောင်း မေးမြန်းဖို့ မီဒီယာတွေက တွေ့ဆုံခွင့်တောင်းတိုင်း ရစ်ကီက အမြဲငြင်းဆန်ခဲ့သူပါ။ သူတို့နှစ်ဦးက ၂၀၀၃ ခုနှစ်မှာ စတင်တွေ့ဆုံခဲ့ကြတာဖြစ်ပြီး အဲဒီတုန်းက ရစ်ကီဟာ PR အလုပ်ကို လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါတယ်။ ရော်နယ်ဒိုကတော့ ပေါ်တူဂီမှာသာ ရှိနေသေးတဲ့ အချိန်ပါ။

play

 

ရော်နယ်ဒိုထက် အသက် ၇ နှစ်ကြီးတဲ့ ရစ်ကီက Nike ကုမ္ပဏီအတွက် ဝန်ထမ်းတစ်ဦးဖြစ်နေချိန်မှာ တွေ့ဆုံခဲ့ကြတာပါ။ အဲဒီကစလို့ ရော်နယ်ဒိုဘယ်အသင်းကို ပြောင်းပြောင်း ရစ်ကီအမြဲရှိနေခဲ့ပြီး အိမ်က မိသားစုဝင်တွေနဲ့အတူ ညစာအတူစားတဲ့သူတစ်ယောက် ဖြစ်လာခဲ့ပါတယ်။

play

 

ပြီးခဲ့တဲ့ ယူရိုပြိုင်ပွဲမှာတုန်းကလည်း ကွာတားဖိုင်နယ်မှာ ပင်နယ်တီနဲ့ ပိုလန်ကို အနိုင်ရပြီးနောက် ရော်နယ်ဒိုအရင်ဆုံး ပြေးသွားတာ ကွင်းဘေးမှာရှိနေတဲ့ ရစ်ကီ့ထံကိုပါ။ ဗိုလ်လုပွဲမှာ အနိုင်ရတော့လည်း မြက်ခင်းပြင်ပေါ်မှာ ရစ်ကီနဲ့ ရော်နယ်ဒို ပွေ့ဖက်ပြီး အောင်ပွဲခံခဲ့ကြပါသေးတယ်။

play

 

ရစ်ကီဟာ ရော်နယ်ဒိုရဲ့ သူငယ်ချင်းလည်းဖြစ်သလို၊ ပုဂ္ဂိုလ်ရေး အကြံပေးတစ်ယောက်လည်း ဖြစ်နေပြန်ပါတယ်။

Source ; Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ