International: မိမိက မက်ဆီ၊ ရော်နယ်ဒိုတို့နှင့် ခြေစွမ်းအတူတူဟု ဆန်းချက်ဇ်ပြောကြား

အကောင်းဆုံး ကစားသမားတွေနဲ့ ယှဉ်ကစားနိုင်စွမ်းရှိတယ်လို့ ဆန်းချက်ဇ်က ပြောပါတယ်။

play

 

ကမ္ဘာ့အကောင်းဆုံးကစားသမားနှစ်ဦးလို့ သတ်မှတ်ထားကြတဲ့ ဘာစီလိုနာကစားသမား မက်ဆီနဲ့ ရီးရဲလ်မက်ဒရစ် ကစားသမား ရော်နယ်ဒိုတို့လိုပဲ မိမိလည်း ကောင်းမွန်တဲ့ ကစားသမားတစ်ဦးဖြစ်ကြောင်း အာဆင်နယ်ကစားသမား ဆန်းချက်ဇ်က ပြောကြားလိုက်ပါတယ်။

play

 

ချီလီလက်ရွေးစင်ကစားသမား ဆန်းချက်ဇ်ဟာ စတာလင်ပေါင် ၃၁.၇ သန်းနဲ့ ဘာစီလိုနာအသင်းကနေ အာဆင်နယ်အသင်းကို ရောက်ရှိလာသူဖြစ်ပြီး လက်ရှိမှာ အသင်းရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်လည်းပါတယ်။ ဘာစီလိုနာအသင်းမှာ မက်ဆီနဲ့အတူ ကစားခဲ့ဖူးတဲ့ ဆန်းချက်ဇ်က မိမိလည်း သူတို့လောက်တော့ ကစားနိုင်တယ်လို့ ပြောလိုက်တာ ဖြစ်ပါတယ်။

play

 

" ကျွန်တော်က ရော်နယ်ဒိုနဲ့ မက်ဆီတို့လိုပါပဲ။ ကျွန်တော့်မှာလည်း သူတို့လောက်တော့ ကစားနိုင်တဲ့ အရည်အသွေး ရှိပါတယ်။ ဘယ်သူ့ကိုမှ ရှိန်နေတဲ့ စိတ်မျိုး ကျွန်တော့်မှာ မရှိပါဘူး။ အကောင်းဆုံးကစားသမားတွေနဲ့ ကျွန်တော်ယှဉ်ကစားနိုင်ပါတယ်" လို့ ဆန်းချက်ဇ်က ပြောခဲ့တာပါ။

Source : 90min

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ