International: ရီးရဲလ်မက်ဒရစ်နှင့် အသလက်တီကိုအသင်း ကစားသမား ဝယ်ယူခွင့် အပိတ်ခံရ

, updated

နှစ်သင်းလုံးရဲ့ အယူခံတွေကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က ပယ်ချလိုက်ပါတယ်။

play

 

အပြောင်းအရွှေ့ စည်းမျဉ်းအချို့ကို ချိုးဖောက်ခဲ့တဲ့ စပိန်ကလပ် အသလက်တီကိုအသင်းနဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့ကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က ကစားသမားဝယ်ယူခွင့်ပိတ်ပင်လိုက်ကြောင်း သိရပါတယ်။

play

 

အစောပိုင်းမှာ ချမှတ်ခဲ့တဲ့ ပြစ်ဒဏ်ကို နှစ်သင်းလုံး အယူခံဝင်ခဲ့ပေမဲ့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် အယူခံကော်မတီက ပယ်ချလိုက်ကြောင်း သိရပါတယ်။ လာမယ့် ၂၀၁၇ ခုနှစ်အတွင်း အသလက်တီကိုနဲ့ ရီးရဲလ်မက်ဒရစ် နှစ်သင်းလုံး ကစားသမားသစ် ဝယ်ယူခွင့် ရမှာမဟုတ်တော့ပါဘူး။ ပြည်တွင်း၊ ပြည်ပကစားသမားအသစ်တွေကို တစ်ရာသီတာ ဝယ်ယူခွင့်ရမှာမဟုတ်ဘဲ အသင်းမှာရှိပြီးသားကစားသမားတွေ၊ လူငယ်စီမံကိန်းက ကစားသမားတွေကိုသာ ခေါ်ယူခွင့်ရမှာ ဖြစ်ပါတယ်တာ။

play

 

၂၀၁၈ ဇန်နဝါရီလရောက်မှသာ နှစ်သင်းလုံး ကစားသမားပြန်ဝယ်ခွင့် ရမှဖြစ်ပါတယ်။ စည်းမျဉ်းချိုးဖောက်ခဲ့တဲ့အတွက် အသလက်တီကိုက ဒဏ်ငွေ ပေါင် ၆၉၆,၀၀၀ ပေးဆောင်ရမှာ ဖြစ်ပြီး ရီးရဲလ်မက်ဒရစ်ကတော့ ပေါင် ၂၇၀,၀၀၀ ကျော်ပေးဆောင်ရမှာပါ။

Source : BBC/ 90min

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ