International: လိင်ပိုင်းဆိုင်ရာ ခွဲခြားစော်ကားခံရသည့် အမျိုးသမီးဒိုင်လူကြီး ကွင်းအတွင်းမှ ထွက်ခွာ

ပရိသတ်တစ်ဦးရဲ့ ခွဲခြားစော်ကားမှုကို ခံခဲ့ရတာပါ။

play

 

စပိန်ပြည်တွင်းဘောလုံးပွဲစဉ် တစ်ပွဲမှာ ပရိသတ်တစ်ဦးရဲ့ ခွဲခြားစော်ကားမှုကို ခံခဲ့ရတဲ့ အမျိုးသမီးကွင်းလယ်ဒိုင်တစ်ဦးဟာ ပွဲကို ဆက်လက်တာဝန်မထမ်းဆောင်ပဲ ကွင်းထဲက ထွက်ခွာသွားခဲ့ပါတယ်။

စပိန်အောက်တန်းလိဂ် ပြိုင်ပွဲတစ်ပွဲဖြစ်တဲ့ ယူအီးဗဲလက်စ်နဲ့ ကမ်ဘရီယူနီရမ်တို့ရဲ့ ပြိုင်ပွဲကို တာဝန်ထမ်းဆောင်ခဲ့တဲ့ အမျိုးသမီး ကွင်းလယ်ဒိုင် မာတာဂါလီဂိုဟာ လိင်ပိုင်းဆိုင်ရာ ခွဲခြားစော်ကားခံခဲ့ရတာဖြစ်ပါတယ်။ " အိမ်ပြန်ပြီး ပန်ကန်သွားဆေး" လို့ပရိသတ်တစ်ဦးက မာတာကို ပြောကြားခဲ့တာပါ။ နောက်ပိုင်းမှာ အဆိုပါပရိသတ်ကိုလည်း ကွင်းထဲက ထွက်ခွာစေခဲ့တယ်လို့  သိရပါတယ်။

 

ယူအီးဗဲလက်စ်ပရိသတ်တစ်ဦးက ဒီလိုပြောကြားခဲ့တာဖြစ်ပြီး ကျန်ရှိတဲ့ပရိသတ်တွေက ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်ကို ထောက်ခံအားပေးခဲ့ကြပြီး အဆိုပါပရိသတ်ကို ရှုံ့ချခဲ့တယ်လို့ ဆိုပါတယ်။

ှSource : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ